ဆီးထဲသွေးပါ ကြောက်စရာ



ဆီးထဲသွေးပါ ကြောက်စရာ

ဆီးထဲသွေးပါသည်မှာ ကြောက်စရာကောင်းသောသတိပေးချက်တစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့်

သိပ်အန္တရာယ်မရှိပေမဲ့ ဆီးထဲသွေးပါတဲ့ hematuriaဆိုတဲ့ ပြဿနာဟာ နောက်ကွယ်မှာအရေးကြီးသောရောဂါအခြေအနေတစ်ခုအနေနဲ့လည်း လက္ခဏာပြပါတယ်။


မျက်စိဖြင့်တွေ့မြင်နိုင်သော ဆီးထဲသွေးပါခြင်းကို

Gross hematuria ဟုသတ်မှတ်ပြီး မိုက်ကရိုစကုပ်

အောက်မှတွေ့မြင်နိုင်သော ဆီးထဲသွေးပါခြင်းကို

Microscopic hematuria ဟူ၍သတ်မှတ်ပါတယ်။

ရောဂါလက္ခဏာများ

Gross hematuria သည် ပန်းရောင်၊ အနီရောင်၊ အနီရင့်ရင့်အုတ်ကျိုးရောင် ဆိုပြီး ဆီးထဲသွေးပါဝင်မှုအနည်းအများအပေါ် ကွဲပြားခြားနားမှုရှိပါတယ်။


ဆီးကျင်ဆီးအောင့် သိပ်မဖြစ်တတ်ပေမဲ့ သွေးခဲတွေပါလာရင်တော့ နာကျင်ကိုက်ခဲမှုဖြစ်နိုင်ပါတယ်။


ဘယ်အချိန်မှာဆရာဝန်ပြသင့်သလဲ?

ဆီးထဲမှာသွေးပါတယ်လို့ သတိစထားမိတာနဲ့ ဆရာဝန်ပြသင့်ပါတယ်။

တချို့သော ဆေးဝါးများနဲ့ အစားအသောက်များ (ဥပမာ – ပီတမုန်လာ၊ ဗီတွတ်၊ ဘယ်ရီသီး) အစရှိသည်တို့ကြောင့်လည်း ဆီးအရောင်ပြောင်းတတ်တယ်ဆိုပေမဲ့ ၁ ရက် ၂ ရက်အတွင်းချက်ချင်း

ပုံမှန်ဆီးရောင်ပြန်ဖြစ်ပါတယ်။

ဆီးထဲသွေးပါသည့် အကြောင်းအရင်းဇစ်မြစ်တွေကတော့ အောက်ပါအချက်တွေပဲဖြစ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးလမ်းကြောင်းမှတဆင့်ဘက်တီးရီးယားပိုးဝင်ရင်

ဆီးပူ၊ ဆီးကျင်၊ ဆီးအောင့်၊ ဆီးစပ်ကိုက်ခြင်း၊

ဆီးထဲသွေးပါ အစရှိသောရောဂါဝေဒနာများ

ခံစားရနိုင်တယ်။

ကျောက်ကပ်ပိုးဝင်ခြင်း

ဆီးလမ်းကြောင်းမှ ဘက်တီးရီးယားပိုးများ ကျောက်ကပ်အထိရောက်သွားတဲ့အခါ ဆီးပူ၊ ဆီးကျင်၊ ဆီးအောင့်၊ ဆီးစပ်ကိုက်ခြင်း၊ ဆီးထဲသွေးပါလက္ခဏာများအပြင် ချမ်းတုန်ဖျားခြင်း၊ ခါးနာခြင်း၊ ခါးတစ်ခြမ်းကိုက်ခြင်း အစရှိသောလက္ခဏာများခံစားရနိုင်တယ်။

ကျောက်ကပ်၊ ဆီးအိမ် ကျောက်တည်ခြင်း

ဆီးတွင်ပါဝင်သောသတ္တုဓာတ်များသည်

တစ်ခါတစ်ရံကျောက်ကပ်သို့မဟုတ်ဆီးအိမ်နံရံပေါ်တွင် အချိန်ကြာလာသည်နှင့်အမျှ သေးငယ်သော

ကျောက်သလင်းများဖြစ်ပေါ်စေတယ်။

ဆီးကျောက်များကြောင့်လည်း ဆီးထဲသွေးပါခြင်းဖြစ်နိုင်ပါတယ်။

ဆီးကျိတ်ကြီးခြင်း ရောင်ခြင်း

ဆီးကျိတ်ဂလင်းက လူလတ်ပိုင်းအရွယ်နီးကပ်လာသည်နှင့်အမျှအရွယ်အစားကြီးလာတယ်။ ဆီးသွားခြင်းကိုတစ်စိတ်တစ်ပိုင်းပိတ်ဆို့သွားတာနဲ့ ဆီးကြိတ်ကြီးခြင်း၏လက္ခဏာများဖြစ်သော အစခက်ခြင်း၊ ဆီးပေါက်ချိန်ကြာခြင်း၊ ဆီးလုံးသေးခြင်း၊ တအားညှစ်ပေါက်ရခြင်း၊ ဆီးကျန်ခြင်း၊ ဆီးသွားပြီး တစ်စက်စက်ထွက်ကျခြင်း၊ ဆီးထဲသွေးပါခြင်း

အစရှိသော ရောဂါလက္ခဏာများကို

ဖြစ်ပေါ်စေနိုင်ပါတယ်။

ကျောက်ကပ်ရောဂါ

ဆီးထဲသွေးပါခြင်းသည်ကျောက်ကပ်ရောင်ရမ်းခြင်း glomerulonephritis ၏လက္ခဏာတစ်ခုဖြစ်ပါတယ်။Glomerulonephritis သည်ဗိုင်းရပ်စ်သို့မဟုတ် strep ကူးစက်မှုများ၊ သွေးကြောဆိုင်ရာရောဂါများ၊ နှင့် IgA nephropathy စသည့်ကိုယ်ခံစွမ်းအားပြဿနာများသည်ကျောက်ကပ်တွင်သွေးစစ်သည့်သေးငယ်သောဆံချည်မျှင်သွေးကြောများကိုထိခိုက်သောအခြေအနေဖြစ်ပါတယ်။

ကျောက်ကပ်ဒဏ်ရာ

မတော်တဆမှုတစ်ခုကြောင့် ကျောက်ကပ်နေရာထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ်အခြားဒဏ်ရာများကြောင့်သင်၏ဆီးထဲသွေးပါနိုင်ပါတယ်။

ကင်ဆာ

ဆီးထဲသွေးပါခြင်းသည် ကျောက်ကပ်၊ ဆီးအိမ်သို့မဟုတ်ဆီးကျိတ်ကင်ဆာတစ်ခုခုရဲ့လက္ခဏာတစ်ခုဖြစ်နိုင်တယ်။ ထိုအခါမျိုးတွင် လိုအပ်သော ဆေးစစ်မှုများနဲ့ကုသမှုများ နောက်မကျရန်

အလွန်အရေးကြီးပါတယ်။



ဆေးဝါးများ

ကင်ဆာဆန့်ကျင်သောဆေးဝါး cyclophosphamide နှင့် ပိုးသတ်ဆေး penicillin တို့သည်လည်းဆီးထဲသွေးပါခြင်းကိုဖြစ်စေနိုင်တယ်။ ရံဖန်ရံခါ Aspirin နှင့် warfarin များကြောင့်ဆီးအိမ်သွေးထွက်စေသည့်အခြေအနေမျိုးလည်းရှိနိုင်ပါတယ်။


လေ့ကျင့်ခန်းအပြင်းအထန်ပြုလုပ်ခြင်း

လေ့ကျင့်ခန်းအပြင်းအထန်ပြုလုပ်ခြင်းကြောင့်လည်း ဆီးထဲသွေးပါ ဖြစ်နိုင်ပါတယ်။ ဆီးအိမ်ထိခိုက်ဒဏ်ရာရခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းသို့မဟုတ် သွေးနီဥများပျက်ပြားခြင်းနှင့်ဆက်စပ်မှုရှိနိုင်ပါတယ်။


ကျန်းမာပျော်ရွှင်ကြပါစေ…

Dr. Wallace K.

မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာများကို အပြည့်အစုံဖတ်ရှုလိုပါက Application တွင် ဖတ်ရှုနိုင်ပါသည်။ Application တွင် ဖိုမကျန်းမာရေးဆိုင်ရာ ဆောင်းပါးများစွာကို စုစည်းဖော်ပြပေးထားပြီး Install မလုပ်ရသေးပါက အောက်ပါ link မှာ ရယူနိုင်ပါသည်။

http://bit.ly/2kyts4o


Comments