အာသာဖြေခြင်းအတွက် ဆောင်ရန်ရှောင်ရန်များ

အာသာဖြေခြင်းအတွက် ဆောင်ရန်ရှောင်ရန်များ
အာသာဖြေတယ်ဆိုတာ လိင်ပိုင်းဆိုင်ရာစိတ်ဆန္ဒကို လိင်ဆက်ဆံခြင်းမဟုတ်ဘဲ တစ်ခြားသောနည်းလမ်းတွေနဲ့ ဖြေဖျောက်တာပါ အာသာဖြေခြင်းဆိုတာ လူငယ်လူရွယ်တွေမှာရော အသက်ကြီးပိုင်းတွေမှာရော ထူးဆန်းတဲ့ အပြုအမူတစ်ခု မဟုတ်တော့ပါဘူး တစ်ချို့ အာသာဖြေတာကို ထုတ်ပြောတတ်ပြီး တစ်ချို့ထုတ်ပြောလေ့မရှိတာပဲ ကွာပါတယ် ။
အာသာဖြေတာက အပျို လူပျိုလည်း လုပ်ကြတာရှိသလို အိမ်ထောင်သည်တွေမှာလည်း လုပ်နေကြတာပါပဲ အာသာဖြေတဲ့ နည်းလမ်းတွေလည်း အမျိုးမျိုးရှိတတ်ကြတယ် ။
အာသာဖြေခြင်းက ကျန်းမာရေးအတွက်ရော အိမ်ထောင်ရေးအတွက်ပါ ကောင်းလားဆိုတာ ပြန်စဉ်းစားကြည့်ကြရအောင်ပါ ။
အမျိုးသားတွေရော အမျိုးသမီးတွေပါ အာသာဖြေတာကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်တတ်ကြတယ်။ အာသာဖြေတဲ့ ပစ္စည်းတွေသုံးတာရှိသလို လက်ကိုအသုံးပြုတာလည်း ရှိပါတယ်။ ဘယ်နည်းလမ်းပဲသုံးသုံး အာသာဖြေတာကြောင့် ကျန်းမာရေး မထိခိုက်ဖို့လိုတယ်။ အာသာမဖြေခင်မှာ လက်လည်း သေချာဆေးပါ ပစ္စည်းအသုံးအဆောင်တွေလည်း သေချာဆေးကြောဖို့လိုပါတယ် ပစ္စည်းအသုံးပြုတဲ့သူတွေဆို မိမိတစ်ဦးတည်းအသုံးပြုတာ ဖြစ်ဖို့လိုပါတယ် ။
အာသာမဖြေခင်မှာတော့ ဆီးသွားပြီး ရေသေချာဆေးထားဖို့ လိုပါတယ် အာသာဖြေခြင်းကြောင့် ဆီးသွားချင်စိတ်ဖြစ်လာတဲ့အခါလည်း ဆီးသွားပေးပါ ဆီးမအောင့်လိုက်မိစေပါနဲ့ အာသာဖြေပြီးတဲ့အခါလည်း ဆီးတစ်ခါထပ်သွားပြီး ရေသေချာပြန်ဆေးပေးဖို့ လိုပါတယ် ဘာကြောင့်လဲဆိုရင် အာသာဖြေတာက တစ်ခါတစ်လေမှာ ဆီးကျင်တာဆီးအောင့်တာကို ဖြစ်စေတတ်လို့ပါ ။
အာသာဖြေတာမှာ အချိန်သတ်မှတ်ချက်မရှိပါဘူး ဘယ်လောက်မြန်တယ် ဘယ်လောက်ကြာတယ်ဆိုပြီးလည်း မရှိပါဘူး ဒါပေမယ့် အချိန်ကြာလွန်းတာဖြစ်စေ တစ်ရက်တည်း အကြိမ်ပေါင်းများစွာ အာသာဖြေတာပဲဖြစ်စေကတော့ ဆီးကျင်ဆီးအောင့်ခြင်းတွေကို ပိုဖြစ်စေတတ်ပါတယ် ။
အပျိုလူပျိုတွေမှာတော့ စူးစမ်းချင်စိတ်နဲ့ စိတ်ကစားတာတွေကနေ အာသာဖြေခြင်းကို လုပ်တတ်ကြတယ် အာသာဖြေတာကိုပဲ အချိန်တိုင်း စွဲမက်နေတာမျိုးတော့ မဖြစ်သင့်ဘူး ။
အာသာဖြေတာက လိင်ဆက်ဆံတာမဟုတ်တာကြောင့် အာသာဖြေပေမယ့်လည်း အပျိုလူပျို လို့ ပဲ သတ်မှတ်ပါတယ် ဒါပေမယ့် အာသာဖြေတဲ့ နည်းလမ်းတွေပေါ်မူတည်ပြီးတော့ အမျိုးသားအင်္ဂါနဲ့ အမျိုးသမီးအင်္ဂါတွေမှာ အပြောင်းအလဲတွေ ရှိနိုင်ပါတယ် ။
အပျိုမြှေးပါးရှိမှတို့ ပထမဆုံးအတူနေရင်သွေးထွက်မှ အပျိုစစ်တယ်ဆိုတဲ့ အယူအဆတွေက အမြဲ မမှန်ပါဘူး အပျိုစစ်တယ် မစစ်ဘူး လူပျိုစစ်တယ်မစစ်ဘူးဆိုတဲ့ သတ်မှတ်ချက်တွေ အမြဲ မမှန်တတ်တာလည်း သတိထားစေချင်ပါတယ် ။
အိမ်ထောင်သည်တွေမှာလည်း အကြောင်းမျိုးမျိုးအားဖြင့် အာသာဖြေတတ်ကြတယ် တစ်ယောက်တစ်နယ်ဖြစ်နေတဲ့အခါတွေမှာ စိတ်ဆန္ဒကို အာသာဖြေခြင်းနဲ့ ဖြေဖျောက်တာက တစ်ခြားသောနည်းလမ်းတွေထက်စာရင် အိမ်ထောင်ဖက်အတွက်လည်း သင့်တော်ပါတယ် ။
အာသာဖြေတာက တစ်ပတ်ကို အများဆုံးဘယ်နှစ်ကြိမ်လုပ်လို့ရတယ် လို့ မသတ်မှတ်ထားပါဘူး များလွန်းလာတဲ့အခါ နုန်းလာတတ်တယ် အားနည်းသလိုဖြစ်တယ် ခေါင်းမူးတတ်ပါတယ် တစ်ချို့တွေမှာတော့ အာသာဖြေတာမှာပဲ အဆင်ပြေတတ်ကြပြီး တကယ်အတူနေတဲ့အခါ အမျိုးသားရောအမျိုးသမီးရော အဆင်မပြေတာတွေ ကြုံရတတ်ပါတယ် ။
အာသာဖြေခြင်းကြောင့် ဘယ်လိုအကျိုးရှိနိုင်လဲ လို့မေးလာရင်တော့ အပျိုလူပျိုတွေမှာ အာသာဖြေခြင်းက လိင်ဆက်ဆံခြင်းမဟုတ်တဲ့အတွက်ကြောက့် နောက်ဆက်တွဲ ကိုယ်ဝန်ပြဿနာကို မစိုးရိမ်ရပါဘူး အိမ်ထောင်သည်တွေမှာ မိမိတို့ရဲ့ အိမ်ထောင်ဖက်နဲ့ ခဏတာဝေးကွာနေစဉ်မှာ အာသာဖြေခြင်းပဲ ပြုခြင်းက အိမ်ထောင်ရေးအတွက်လည်း အနှောင့်အယှက်မဖြစ်စေပါဘူး ။
အာသာဖြေခြင်းက လိင်ဆက်ဆံခြင်းလိုပါပဲ စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို ကောင်းစေတယ် သွေးလှည့်ပတ်မှု ကောင်းစေတယ် စိတ်ဓာတ်လန်းဆန်းတက်ကြွစေတတ်ပါတယ် ။
အဓိကကတော့ အာသာဖြေတဲ့နေရာမှာ သန့်ရှင်းမှုရှိဖို့နဲ့ ကျန်းမာရေးနဲ့ညီညွတ်စေဖို့ ဂရုပြုစေချင်တာပါ ။
Dr. CST
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။


Comments