သဘာဝနည်းလမ်းများဖြင့် ကိုယ်ဝန်ဆောင်ပါ


အမျိုးသားနှင့် အမျိုးသမီးများတွင် ကလေးရရန် မျိုးရိုးဗီဇဆိုင်ရာအချက်များနှင့် ပတ်ဝန်းကျင် သက်ရောက်မူအချက်များသည် များစွာသက်ရောက်မူရှိပါတယ်။ ကလေးရရန် သဘာဝနည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။ အမျိုးသားရော အမျိုးသမီးများပါ ဘယ်လို သဘာဝနည်းလမ်းများသည် ကလေးရစေပါစေသလဲ?
အမျိုးသမီးများတွင် စိတ်ဖိဆီးမှုလျော့ချခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းသည် ကလေးပိုမိုရလွယ်ပြီး အမျိုးသားများသည် အရက်ဖြတ် ဆေးလိပ်ဖြတ်ရုံနဲ့ ကလေးရလွယ်ကြောင်း သင်အံ့သြဖွယ်တွေ့ရပါလိမ့်မယ်။
အမျိုးသမီးများအတွက် နည်းလမ်းများ
အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်နိုင်ရန် နည်းလမ်းများစွာရှိပါတယ်။
(1) စိတ်ဖိစီးမှု လျော့ချခြင်း
စိတ်ဖိစီးမှုများခြင်းသည် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်နိုင်ရန် အခက်အခဲဖြစ်စေပါတယ်။ အမျိုးသမီးများရဲ့တံထွေးမှ စိတ်ဖိစီးမှုရှိလျှင်ထွက်သော အယ်ဖာအမိုင်လေ့ဆိုသော ဟော်မုန်းကို တိုင်းတာနိုင်ပါတယ်။
၂၀၁၁ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာချက်အရ အဆိုပါ ဟော်မုန်းများသော အမျိုးသမီးများတွင် သဘာဝအရ အလိုအလျောက် ကိုယ်ဝန်ဆောင်ရန် ခက်ခဲမူဖြစ်စေသည်ကို တွေ့ရှိရပါတယ်။ ထိုအခါမျိုးတွင် စိတ်ဖိဆီးမူလျော့ကျစေသော အပြုအမူနည်းလမ်းများအသုံးပြုပါက ကိုယ်ဝန်ပြန်ဆောင်နိုင် ကြောင်းတွေ့ရှိရပါတယ်။ ဥပမာ – စိတ်ဓာတ်ကျခြင်းနှင့် စိတ်တိုခြင်းအတွက် သက်သာစေသော ဆွေးနွေးမူများနှင့် ထောက်ပံ့မူများပြုလုပ်လျှင် ကိုယ်ဝန်ပြန်လည်ဆောင်ရန် အခွင့်အလမ်းများပါတယ်။
(2) ဆေးလိပ်သောက်ခြင်းကို ရပ်ပါ
ဆေးလိပ်သည် ဟော်မုန်းပမာဏပြောင်းလဲမူဖြစ်စေပြီး အသက်ငယ်ငယ်ရွယ်ရွယ်နှင့် သွေးဆုံးစေပါတယ်။ ဆေးလိပ်သောက်သုံးခြင်းရပ်ပါက ကိုယ်ဝန်ဆောင်ရန် အခွင့်အလမ်း ပြန်လည်ရရှိစေနိုင်ပါတယ်။
(3) ကိုယ်အလေးချိန်ထိန်းပါ
အမျိုးသမီးများသည် အဝလွန်ခြင်းနှင့် ကိုယ်အလေးချိန်လျော့နည်းခြင်းသည် ကိုယ်ဝန်ဆောင်ရန် ခက်ခဲစေပါတယ်။ သုတေသနပြုချက်များအရ အဝလွန်သူများသည် မျိုးပွားခြင်းဖြစ်စဉ်များကို အနှောက်အယှက် ဖြစ်စေပါတယ်။ ကိုယ်အလေးချိန်ပုံမှန်ပြန်လည်ရရှိရန် ကြိုးစားခြင်းဖြင့် မျိုးပွားပြဿနာများကို ဖြေရှင်းနိုင်ပြီး ကိုယ်ဝန်ဆောင်ရန် အခက်အခဲ လျော့ကျစေနိုင်ပါတယ်။ ကိုယ်အလေးချိန် လျော့နည်းသူများသည်လည်း မျိုးပွားခြင်း အခက်အခဲဖြစ်စေပြီး လမစေ့ဘဲ မွေးခြင်းများ ဖြစ်စေနိုင်ပါတယ်။
(4) ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းလုပ်ပါ
ပုံမှန် နေ့စဉ်လေ့ကျင့်ခန်းလုပ်သူများသည် သွေးဆုံးခြင်းသည် နောက်ကျတတ်ပါတယ်။ ရာသီပုံမှန်လာပြီး ကိုယ်ဝန်ဆောင်ရန် အခက်အခဲမရှိတတ်ပါ။
အမျိုးသားများအတွက်နည်းလမ်းများမှာ
(1) ကိုယ်အလေးချိန်ထိန်းပါ
လေ့လာချက်များအရ အဝလွန်သောအမျိုးစားများသည် ကလေးရရန် ခက်ခဲစေပါတယ်။ ကိုယ်အလေးချိန် ပုံမှန်ထိန်းခြင်းသည် ကလေးမြန်မြန်ဆန်ဆန်ရရှိစေနိုင်ပါတယ်။
(2) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သည် အမျိုးသားရောနှင့် အမျိုးသမီးများအတွက် ကလေးရရန်ခက်ခဲစေပါတယ်။ ဆေးလိပ်သည် သုတ်ရည်၊ သုတ်ပိုးအပေါ် ထိခိုက်စေပါတယ်။ ကလေးရရန် ခက်ခဲစေပါတယ်။
(3) အရက်သောက်ခြင်းကို ရပ်ပါ
အရက်သောက်ခြင်းသည် အမျိုးသား သုတ်ပိုးအပေါ် များစွာဆိုးကျိုးဖြစ်စေကာ သုတ်ရည်ပမာဏနည်းကာ သုတ်ပိုးစွမ်းဆောသ်မူလျော့ကျစေပါတယ်။
သန္ဓေအောင်ခြင်းနှင့် အသက်အရွယ်ဆက်စပ်မူ
အမျိုးသမီးအများစုအတွက် သန္ဓေအောင်နိုင်ခြင်းသည် အသက်အရွယ် ၃၀ကျော်လာလျှင် အခွင့်အလမ်း နည်းလာတတ်ပါတယ်။ ထိုအသက်အရွယ်မှစ၍ မမျိုးဥကြွေခြင်းသည် လျော့နည်းလာနိုင်ပါတယ်။ ထို့ကြောင့် ကျန်းမာငယ်ရွယ်နုပျိုသော အသက်အရွယ်တွင် ကိုယ်ဝန်ဆောင်သင့်ပါတယ်။
ကျန်းမာပျော်ရွင်သော ဘဝနေထိုင်မူနည်းလမ်းများ လိုက်နာခြင်းသည် အမျိုးသားနှင့် အမျိုးသမီးများအတွက် အကောင်းဆုံးကလေးအမြန်ရလွယ်သောနည်းလမ်းပင်ဖြစ်ပါတယ်။
Dr. Pyae Shin


မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။


Comments