HIV ပိုး ကျွန်တော့တွင် ရှိနေပြီ


မေး။ ကျွန်တော့အသက် (၂၅) နှစ်ရှိပါပြီ။ အိမ်ထောင်မရှိလူပျိုပါ။ ကျွန်တော့် အရင် အလုပ်က နယ်ဘက်တွေကိုမားကက်တင်းအမြဲဆင်းရပါတယ်။တခါတလေလည်းအပျော်အပါးလိုက်စားမိပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ် လောက်ကနီးစပ်တဲ့ညီငယ်တစ်ယောက်
Car Accident ဖြစ်တာ သွေးလိုလို့ သွေးအမျိုးအစား ကိုက်တာနဲ့ လှူမယ်ဆိုပြီး သွေးစစ်ကြည့်တော့ HIV ပိုးရှိနေတာတွေ့ရပါတယ်။ ပိုပြီး သေချာသွားအောင် ရန်ကုန်မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းကိုလည်း သွားရောက် စစ်ဆေးခဲ့ပါတယ်။ positive ပါပဲ။ HIV ရောဂါပိုးရှိနေတဲ့ သူတစ်ယောက်အနေနဲ့ ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲ?
ဖြေ။ HIV ရောဂါပိုးကူးစက်ခံထားရသူနဲ့ ခုခံအားကျဆင်းမှုရောဂါသည် (AIDS) ရောဂါသည် ဆိုတာ တကယ်တော့ မတူပါဘူး။ လူတစ်ယောက်ဟာ HIV ပိုးရှိနေပေမယ့်လည်း သာမန်လူတစ်ယောက်လိုပဲလှုပ်ရှားသွားလာလို့ရပါတယ်။အပြင်ပန်းကြည့်ရုံနဲ့ ရောဂါပိုးရှိနေမှန်းခွဲခြားမသိနိုင်ပါဘူး။ သွေးစစ်ကြည့်မှသာသိရတာမျိုးပါ။လူတစ်ယောက်ဟာ HIV ပိုးကူးစက်ခံရပြီဆိုတာနဲ့ တပြိုင်နက် သူ့ရဲ့သက်တမ်းတလျှောက် လုံးရောဂါပိုးဟာ ခန္ဓာကိုယ်ထဲမှာရှိနေပြီးနောက်ဆုံးမှာတော့ AIDS ရောဂါဝေဒနာရှင်တစ်ယောက်အဖြစ်ရောက်ပြီးဘဝဆုံးရမှာပဲဖြစ်ပါတယ်။ဘယ်အချိန်မှာခုခံအားကျဆင်းမှုရောဂါသည်အဖြစ်သို့ ရောက်ရှိမလဲဆိုတာကတော့လူတစ်ယောက်နဲ့တစ်ယောက်မတူညီနိုင်ပါဘူးအစားအသောက်၊ အနေအထိုင်နဲ့ ကိုယ်ခံအားအပြင် ဆရာဝန်မှ ညွှန်ကြားသောဆေးဝါးများကိုသောက်သုံးမှု စသည်တို့အပေါ်မှာလည်းမူတည် ပါတယ်။
မိမိမှာ HIV ပိုးရှိနေပြီလို့ သိလိုက်တာနဲ့တပြိုင်နက် မဆိုင်းမတွ လုပ်သင့်တာက နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တစ်ယောက်နဲ့ ကုမှုခံယူပါ။ အချိန်မှန်မှန် တွေ့ဆုံပြီးအကြံဉာဏ် လမ်းညွှန်မှုတွေ ရယူပါ။ လိုအပ်လို့ တိုက်ကျွေးတဲ့ ဆေးဝါးတွေကိုလည်း အချိန်မှန်မှန်သောက်ရပါမယ်။ HIV ပိုးရှိတဲ့လူဟာသွေးမှတစ်ဆင့် တခြား သူတွေဆီ ကူးစက်နိုင်တာကြောင့် သွားတိုက်တံများ၊မုတ်ဆိတ်ရိတ်တံများကိုလည်းမိသားစုဝင်တွေနဲ့အတူမျှဝေသုံးစွဲခြင်းမပြုရပါဘူး။သိပြီးသားဖြစ်တဲ့အတိုင်း သွေးလှူဒါန်းခြင်းလည်းမလုပ်ရပါဘူး။ လိင်ဆက်ဆံရာမှ တဆင့်လည်း ကူးစက်နိုင်တဲ့ အတွက် HIV ပိုးစတင်တွေ့ရှိတာနဲ့ တပြိုင်နက် ကိုယ်ကျင့်တရားကို ထိန်းသိမ်း သင့်ပါတယ်။ တကယ်လို့ အကြောင်းကြောင်းကြောင့် လိင်ဆက်ဆံဖြစ်တော့မယ် ဆိုလျှင်လည်းမလွဲမသွေ အရည် အသွေး ကောင်းသောcodom ဆောင်ပါ။အလွန်အရေးကြီးပါတယ်။HIV ရောဂါပိုးရှိသူတစ်ယောက်ဟာ ဆေးရုံ၊ ဆေးခန်းများကိုတခုခုထိခိုက်မိလို့ဖြစ်စေ၊ အခြားရောဂါ တခုခုကြောင့် ဖြစ်စေသွားရလျှင်လည်း ကုသမယ့်ဆရာဝန်ကိုမိမိမှာ ရောဂါပိုးရှိကြောင်းကြိုတင်အသိပေးထားရမှာပါ။ဒါမှသာတခြားလူတွေဆီမကူးစက်နိုင်အောင် ကာကွယ်နိုင်မှာပါ။
1981 ခုနှစ်ရောဂါပိုးကိုစတင်သတိထားမိတဲ့အချိန် ကစပြီးယနေ့အချိန်ထိ နှစ်ပေါင်းသုံးဆယ်ကျော်အတွင်းသုတေသနပေါင်းများစွာလုပ်ပြီးAIDS ရောဂါကိုကာကွယ်ရန်၊ကုသရန်ကြိုးပမ်းခဲ့ကြသော်လည်းပဲအမြစ်ပြတ်ပျောက်ကင်းအောင်ကုသနိုင်သောနည်းလမ်းမပေါ်သေးပါ။ယခုလက်ရှိသုံးစွဲနေသောဆေးဝါးများသည် HIV ရောဂါပိုးကို ခန္ဓာကိုယ်ထဲမှာမပွားအောင် ထိန်းပေးနိုင်သောဆေးဝါးများသာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ မိမိကိုယ်ကိုအစားအသောက် အနေအထိုင် အသွားအလာအပြုအမူစိတ်နေစိတ်ထားအစစအရာရာဂရုစိုက်ပြီး နေထိုင်ခြင်းသည်အကောင်းဆုံးဖြစ်ပါတယ်။မလွှဲရှောင်နိုင်သောကံအကြောင်းတရားကြောင့် ရောဂါပိုးကူးစက်ခံရပြီဆိုပါကလည်းစိတ်ဓာတ်မကျပဲကျန်းမာရေးကိစ္စတွေမှာအထူးဂရုစိုက်၍တတ်နိုင်သမျှမိမိနဲ့ဘဝတူမိမိထက်ဗဟုသုတနည်းပါးသူတွေကို ဖေးမရင်းဘဝခရီးလမ်းတစ်လျှောက် ဆက်လက်လျှောက်လှမ်းခြင်းသည်သာအကောင်းဆုံးဖြစ်ပေမည်။
Author – ဒေါက်တာအေးချမ်းမိုး


မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments