ခြောက်သွေ့ ကျဉ်းမြောင်းလာတဲ့ ပြဿနာ


မိန်းမကိုယ်အင်္ဂါ ရောင်ရမ်းပြီး ကျဉ်းကျုံ့လာသောအခြေအနေကို သွေးဆုံးပြီးနောက်အမျိုးသမီးအများစု ကြုံတွေ့ရလေ့ရှိပါတယ်။ အီစထရိုဂျင် ဟော်မုန်းကျလာသောအခါ မိန်းမကိုယ်အင်္ဂါ ခြောက်သွေ့ပါးလာကာ ရောင်ရမ်းခြင်း ဖြစ်လာပါတယ်။ သွေးဆုံးပြီးအမျိုးသမီး ၄၀ ရာခိုင်နူန်းခန့် အဆိုပါ ဝေဒနာခံစားရနိုင်သော်လည်း ၂၀ ရာခိုင်နူန်းကသာ ဆေးဝါးအကူအညီ လိုအပ်ပါတယ်။
(1)  မိန်းမကိုယ်ရောင်ရမ်းကျုံလာသည်ဟုဆိုနိုင်သောအချက်များမှာ
– မိန်းမကိုယ် ခြောက်သွေ့လာခြင်း
– လိင်ဆက်ဆံရာတွင် နာကျင်ခြင်း
– ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
– အရည်ကြည်။ အဝါရောင်။ အညိုရောင်အရည်များ ဆင်းခြင်း
– မိန်းမကိုယ် အပြင်နူတ်ခမ်းသား ရောင်ရမ်းနာကျင်ခြင်း
– မိန်းမကိုယ်ယားယံခြင်း စသည့်အချက်များ ဖြစ်ပါတယ်။
ဆီးသွားရာတွင်လည်း အခက်အခဲအချို့ဖြစ်လာစေနုိင်ပါတယ်။
– ဆီးသွားရာတွင် နာကျင်ခြင်း
– ဆီးထဲ သွေးပါခြင်း
– ဆီး ခဏခဏသွားခြင်း
– ဆီးကျန်ခြင်း စသည်တို့ဖြစ်ပါတယ်။
မိန်းမကိုယ်အင်္ဂါ ဆီးခုံအမွှေးများ ကျွတ်ကာ ပါးလာပြီး မိန်းမကိုယ်လမ်းကြောင်းကျဉ်းပြီး
ကျုံ့ဆန့်မႈ လျော့နည်း လာနိုင်ပါတယ်။
(2) ဖြစ်စေသော အကြောင်းရင်းများမှာ
မိန်းမကိုယ်အင်္ဂါ ရောင်ရမ်းကျုံ့လာသော အခြေအနေဖြစ်စေသော အဓိကအချက်မှာ သွေးဆုံးပြီးနောက် အီစထရိုဂျင်ဟော်မုန်း လျော့နည်းလာသောကြောင့် ဖြစ်ပါတယ်။
ထို့အပြင် ကလေးမွေးပြီးသည့်နောက်လည်း ဖြစ်နိုင်ပြီ အီစထရိုဂျင်ဆန့်ကျင်ဆေးများသောက်ရသေ ာအခြေအနေတွင်လည်း ဖြစ်နိုင်ပါတယ်။ သားဥအိမ်သည် သွေးမဆုံးခင်ထိ အီစထရိုဂျင် ထုတ်ပေးလျက်ရှိပါတယ်။ အီစထရိုဂျင်သည် မိန်းမကိုယ်အရေပြားအတွက်လိုအပ်ပြီ မိန်ူမကိုယ်အရည်များထွက်စေပါတယ်။ သွေးဆုံးပြီနောက် သားဥအိမ်မှ မထုတ်ပေးနိုင်သောကြောင့် အရည်မထွက်ကာ မိန်းမကိုယ်ခြောက်သွေ့လာ စေပါတယ်။
– ကလေးမွေးပြီးနောက် ဖြစ်လေ့ရှိသော်လည်း ယာယီခဏတာသာ ဖြစ်ပါတယ်။ မပြင်းထန်ပါ။
– အီစထရိုဂျင်ဟော်မုန်း နည်းရန် လိုအပ်သော ရင်သားကင်ဆာ၊ သားအိမ်အလုံးစသည်တို့တွင် ဟော်မုန်းကျ ဆေးများသောက်ရသောကြောင့်  မိန်းမကိုယ်အင်္ဂါ ရောင်ရမ်းကျုံ့လာသော အခြေအနေဖြစ်လာပါတယ်။
– ဆီးချိုရောဂါ။ ကင်ဆာဆေးသွင်းခြင်း။ စိတ်ဖိဆီးမူများခြင်းနှင့် စိတ်ဓာတ်ကျခြင်းစသည့်အခြေအနေတွင်လည်း ဖြစ်စေနိုင်ပါတယ်။
– အသက်ငယ်ရွယ်သူများ သားဥအိမ်တွင် ရောဂါရှိသောကြောင့် သားဥအိမ်ဖြတ်ထုတ်ရသော အခြေအနေတွင်လည်း  မိန်းမကိုယ်အင်္ဂါ ရောင်ရမ်းကျုံ့လာသော အခြေအနေဖြစ်စေပါတယ်။
– ကလေးနို့တိုက်နေစဉ်တွင်လည်း အီစထရိုဂျင်ဟော်မုန်း ကျသောကြောင့်လည်း ဖြစ်နိုင်ချေရှိပါတယ်။
– မိန်းမကိုယ်ယားယံစေသော ဆပ်ပြာ။ ရေမွှေး။ ဆပ်ပြုမူန့်။ သန့်စင်ရေစသည်တို႕ကြောင့် ရောင်ရမ်း စေပါတယ်။
– ဆေးလိပ်။ tampons။ ကွန်ဒုံး စသည်တို့ကြောင့်လည်း ပိုမိုဆိုးရွားစေနိုင်ပါတယ်။
(3) ရောဂါရှာဖွေမႈ
မိန်းမကိုယ်အင်္ဂါ ရောင်ရမ်းကျုံ့လာသော အခြေအနေဆိုးရွားပါက သေချာနားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် ကုသမႈ ခံယူပါ။
(4) ကုသမႈ
လိမ်းဆေးအနေဖြင့် မိန်းမကိုယ်ချောဆီကို လိင်ဆက်ဆံရာတွင် အသုံးပြုနိုင်ပါတယ်။ အီစထရိုဂျင် ဟော်မုန်းဆေးဝါးများ သောက်သုံးခြင်းကို ဆရာဝန်နှင့် တိုင်ပင်ကုသပါ။ အီစထရိုဂျင်လိမ်းဆေးများ အသုံးပြုနိုင်ပါတယ်။
မိန်းမကိုယ်သွေးလညပတ်မႈ အားကောင်းစေသော လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ပါတယ်။ အီစထရိုဂျင် ပြည့်ဝစေသော အစာအစား ဥပမာ အစေ့အဆန်။ ငါးကြီးဆီ။ ဒိန်ချဉ်စသည်တို့ကိုစားသုံးပေးပါ။
Dr.Kyaw

မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments