ဆီးစပ်နေရာက အောင့်အောင့်နေတာ အန္တရာယ်ရှိလား


ဆီးစပ်နေရာက အောင့်အောင့်နေတာ အန္တရာယ်ရှိလား
ဆီးစပ်နေရာက အောင့်အောင့်နေတယ်လို့ လူတိုင်းခံစားဖူးကြပါလိမ့်မယ်။အစာအိမ်အောင့်ခြင်းမျိုးမဟုတ်ဘဲ ဆီးခုံအောင့်ခြင်းသည်လည်း ခံရခက်သောဝေဒနာတမျိုးပါ။အထိုင်အထလည်းခက်ပါတယ်။ဆီးစပ်အောင့်ခြင်းအကြောင်းရင်းသည် များပြားသလို အရေးကြီးသောအခြေခံရောဂါများကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဆီးခုံအောင့်ရသောအကြောင်းရင်းများမှာ
(1)ဆီးလမ်းကြောင်းပိုးဝင်ခြင်း
ကျောက်ကပ်။ဆီးပြွန်နှင့်ဆီးအိမ်စသည့်ဆီးလမ်းကြောင်းတွင် ပိုးကူးစက်မူခံရပါက ဆီးခုံအောင့်ခြင်းဖြစ်စေပါတယ်။အမျိုးသားရောအမျိုးသမီးပါ ခံစားရတတ်ပါတယ်။ဆီးပိုးဝင်ခြင်းလက္ခဏာများမှာ
-ဆီးသွားစဉ်နာခြင်း
-ဆီးနည်းနည်းနှင့်မကြာခဏသွားခြင်း
-ဆီးထဲသွေးပါခြင်း
-အဖျားတက်ခြင်း
-လိင်ဆက်ဆံစဉ်နာကျင်ခြင်းသည်တို့ဖြစ်ပါတယ်။
(2)ကျောက်ကပ်ကျောက်တည်ခြင်း
ကျောက်ကပ်ကျောက်တည်ခြင်းကြောင့်လည်းဆီးခုံအောင့်တတ်ပါတယ်။လက္ခဏာများမှာ
-ကျောအောင့်ခြင်း
-ဆီးသွားလျှင်နာကျင်ခြင်း
-မကြာခဏဆီးသွားခြင်း
-ဆီးထဲသွေးပါခြင်းစသည်တို့ဖြစ်ပါတယ်။
(3)အူအတက်ရောင်ခြင်း
အူအတက်ရောင်ခြင်းသည် ဆီးခုံနေရာအောင့်တတ်ပါတယ်။သေချာမကုသပါက အူအတက်ပေါက်ကာ နာကျင်မူပိုဆိုးစေပါတယ်။လက္ခဏာများမှာ
-ဗိုက်ညာဘက်အောက်ပိုင်းနာကျင်ခြင်း
-ဖျားခြင်း
-အော့အန်ခြင်းစသည်တို့ဖြစ်ပါတယ်။
(4)ဆီးအိမ်ရောင်ခြင်း
ဆီးအိမ်ရောင်ခြင်းကြောင့်လည်း ဆီးခုံအောင့်တတ်ပါတယ်။လက္ခဏာများမှာ
-တင်ပါးတဝိုက်အောင့်ခြင်း
-ဆီးသွားအောင့်ခြင်း
-ဆီးခဏခဏသွားခြင်း
-ဆီးနည်းပြီးအကြိမ်ရေများခြင်းစသည်တို့ဖြစ်ပါတယ်။
(5)အူကျခြင်း
အူသည် ဝမ်းဗိုက်အတွင်းမှကျွံကျကာ ကြွက်သားကြားရောက်ရှိရျ် ဆီးခုံအောင့်ခြင်းခံစားရတတ်ပါတယ်။လက္ခဏာများမှာ
-ကယ်ပယ်အိတ်ဖောင်းခြင်း
-လိင်အင်္ဂါတဝိုက်အောင့်ခြင်း
-ဆီးအောင့်ခြင်းစသည်တို့ဖြစ်ပါတယ်။
အမျိုးသမီးများဆီးခုံအောင့်ခဲ့လျှင် ရာသီစက်ဝန်းနှင့်တော့သက်ဆိုင်ပါတယ်။ဥပမာ
(6)ရာသီလာရျ်ကိုက်ခဲခြင်း
ရာသီလာချိန်ကိုက်ခဲခြင်းကြောင့် ဆီးခုံတဝိုက်အလွန်နာကျင်ကိုက်ခဲတတ်ပါတယ်။ကိုက်ခဲခြင်းအပြင်
-မူးမော နုံးချိခြင်း
-ခေါင်းကိုက်ခြင်း
-ဝမ်းသွားခြင်းစသည်တို့ပါခံစားရနိုင်ပါတယ်။
(7)သားဥအိမ်လိမ်ခြင်း
သားဥအိမ်လိမ်ခြင်းကြောင့်သားဥအိမ်ဆီသို့သွေးမရောက်ဘဲအလွန်အမင်းနာကျင်မူဖြစ်စေပါတယ်။ကိုက်ခဲခြင်းအပြင် အစာမကြေဖြစ်ခြင်းနှင့်လိင်ဆက်ဆံရာတွင်နာကျင်ကိုက်ခဲခြင်းစသည်တို့ဖြစ်စေပါတယ်။
(8)သားဥအိမ်ရေအိတ်
သားဥအိမ်ရေအိတ်ရှိခြင်းသည် အမြဲတစေနာကျင်မူမဖြစ်ပါ။ကြီးလာလျှင် သို့မဟုတ်ပေါက်ခဲ့လျှင် ကိုက်ခဲမူကိုခံစားရပါလိမ့်မယ်။ကိုယ်ပူချိန်တက်လာသည့်အပြင် ရင်ပြည့်ရင်ကယ်ဖြစ်လာပါလိမ့်မယ်။
(9)PIDလို့ခေါ်တဲ့မျိုးပွားအင်္ဂါများပိုးဝင်ခြင်း
လိင်ဆက်ဆံလို့ကူးစက်ပိုးကြောင့်ပိုးဝင်ခဲ့လျင် အဖျားရှိခြင်း။ဆီးအောင့်ခြင်း။အဖြူဆင်းခြင်းနှင့်လိင်ဆက်ဆံလို့ကိုက်ခဲခြင်းစသည့် ဝေဒနာများပါခံစားရနိုင်ပါတယ်။
(10)ကိုယ်ဝန်ဆောင်ချိန်
ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးခုံကိုက်ခဲပြီး သွေးဆင်းပါက ကိုယ်ဝန်ပျက်ကျခြင်းနှင့် ပြင်ပသန္ဓတည်ခြင်းစသည်တို့ကြောင့်ဖြစ်နိုင်ပါတယ်။
Dr. ပြည့်ရှင်း

မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments