ရာသီလာချိန်မှာ လုံးဝမလုပ်ရမယ့်အရာတွေ


ရာသီလာချိန်မှာ လုံးဝမလုပ်ရမယ့်အရာတွေ
အပျိုဖော်ဝင်ချိန်မှစ၍ အမျိုးသမီးတိုင်း သွေးမဆုံးချိန်ထိ ရာသီသွေး လစဉ်ဆင်းသည်မှာ ဓမ္မတာတစ်ရပ်ပါ။ ရာသီသွေးဆင်းခြင်းသည် အမျိုးသမီးတိုင်း စိတ်အနှောက်အယှက်တစ်ခုကဲ့သို့ ခံစားရသောအချိန်ဟု လူတိုင်းလက်ခံထားကြပါတယ်။
ရာသီဆင်းနေချိန်သည် မိမိကိုယ်မိမိ သတိထားရသော အချိန်လည်းဖြစ်ပါတယ်။ ရာသီလာချိန်တွင် မည်သို့ နေထိုင်သင့်သလဲဆိုတာကလည်း အရေးကြီးသော အချက်များပင်ဖြစ်ပါတယ်။ ရာသီလာချိန်တွင် ပြုလုပ်သင့်သောအရာနှင့် မပြုလုပ်သင့်သောအရာများကို ကောင်းစွာသဘောပေါက်မှသာ ရာသီသွေးဆင်းချိန်တွင် ကျန်းမာရေးနေထိုင်မှု အဆင်ပြေနိုင်မှာပါ။ လေ့လာချက်များအရ အမျိုးသမီးများသည် ရာသီလာချိန်တွင် စိတ်ရော ကိုယ်ပါ ဖိဆီးနေတတ်ပါတယ်။ ခေါင်းကိုက်၊ ဗိုက်နာ၊ ပျို့အန်၊ ကိုယ်ပူခြင်းနှင့် လေပွခြင်းစသည်တို့ဖြစ်တတ်ပါတယ်။
(1) ရာသီလာချိန်တွင် ပြုလုပ်သင့်သောအရာများ
– ရေချိုးပါ
အမျိုးသမီးများသည်  ရာသီလာချိန်တွင် မောပန်းနွယ်နယ်သကဲ့သို့ ခံစားရပြီး ခြေလက်များမလှုပ်ချင် မကိုင်ချင်အောင် လေးလံနေပါလိမ့်မယ်။ ထိုအခါမျိုးတွင် လန်းဆန်းတက်ကြွနေရန် တကိုယ်ရည်သန့်ရှင်းမှုကို အထူးပြုလုပ်ပါ။ အတွင်းခံနှင့် အောက်ခံဂွမ်းထုပ်များ လဲလှယ်ပါ။ ရေချိုးပါ။
– လေ့ကျင့်ခန်းလုပ်ပါ
အကယ်၍ ရာသီလာချိန်တွင် ဗိုက်နာ ဗိုက်အောင့်ဖြစ်တတ်သူများသည် သက်သာစေရန် ပေါ့ပါးသောလေ့ကျင့်ခန်းလုပ်ပါ။ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အကြောပြေကာ နာကျင်မှု သက်သာစေပါတယ်။
– ရေများများသောက်ပါ
ရေဓာတ်ခမ်းခြောက်မှု သက်သာစေရန် ရေနှင့်အသီးဖျော်ရည်များများ သောက်ပါ။ ရာသီလာချိန်တွင် ရေဓာတ်ခမ်းခြောက်နေပြီး ရေများများသောက်ရန် လိုအပ်ပါတယ်။
– အပူအစပ်။ အဆီအစိမ့်အစားများ ရှောင်ကြဉ်ပါ။
ရာသီလာချိန်တွင် အစာအိမ်နှင့် အူလမ်းကြောင်းလေပွသောကြောင့် အစာမကြေဖြစ်တတ်ပါသည်။ အစာကိုနည်းနည်းနဲ့ မကြာမကြာစားပေးပါ။ ပြည့်အင်အောင်မစားသင့်ပါ။
– အသီးအနှံစားပါ
နာကျင်မှု သက်သာစေရန် အသီးအနှံများ၊ ဂျင်းအစရှိသည်တို့ကို အနည်းငယ်စားပေးပါ။
– ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပါ။
ရာသီလာချိန်တွင် ပေါ့ပါးချောင်ချိသော ချည်ထည်အဝတ်အစားများကိုသာ ရွေးချယ်ဝတ်ဆင်ပါ။
– ဝမ်းနည်းစရာ ရုပ်ရှင်မကြည့်ရ
ရာသီလာချိန်တွင် ဝမ်းနည်းစရာဖြစ်စေသော ရုပ်ရှင်များမကြည့်သင့်ပါ။ စိတ်လှုပ်ရှားမှု အတက်အကျများစေပြီး ပိုမိုဝမ်းနည်းလာတတ်ပါတယ်။
(2) မပြုလုပ်သင့်သောအရာများ
– အိပ်ယာထဲမနေရ
ရာသီချိန်တွင် အိပ်ယာထဲတွင် အမြဲလှဲမနေသင့်ပါ။ ပုံမှန်လှုပ်ရှားမှုအလုပ်များကို လုပ်ပါ။
– ကော်ဖီကို အလွန်အကြူးမသောက်သင့်ပါ။
ကော်ဖီတွင်ပါဝင်သော ကာဖိန်းဓာတ်ကြောင့် နာကျင်ကိုက်ခဲမှုဖြစ်စေပါတယ်။ ထို့ကြောင့် ကော်ဖီသောက်ခြင်းကို ရှောင်ကြဉ်ပါ။
– ရာသီလာချိန်တွင် မူးယစ်စေသော အရာများသုံးစွဲခြင်း ရှောင်ကြဉ်ပါ။
– ရာသီလာချိန်တွင် အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
အရက်သည် ရေဓာတ်ခမ်းခြောက်စေပြီး သွေးလည်ပတ်မှုကို အားနည်းစေပြီး ပိုမိုနာကျင်ကိုက်ခဲစေပါတယ်။
– နို့နှင့် နို့ထွက်အစာ စားခြင်းရှောင်ပါ။
ရာသီလာချိန်တွင် နို့နှင့် နို့ထွက်ပစ္စည်းများ စားသောက်ခြင်းရှောင်ကြဉ်ပါ။ ဒိန်ချဉ်လိုအစာကြောင့် ဝမ်းဗိုက်ပိုမို နာကျင်စေပါတယ်။
– အငန်ဓာတ်လွန်ကဲသော အစာများစားသုံးခြင်း ရှောင်ကြဉ်ပါ။
အငန်ဓာတ်သည် လေထိုး ဗိုက်နာ အောင့်ခြင်း ပိုမိုဖြစ်စေပါတယ်။
– ကယ်လိုရီများသော အစာအစားများလည်း မစားပါနဲ့။
– အောက်ခံဂွမ်းထုပ်ကို အချိန်မှီမလဲပဲ အချိန်ကြာကြာသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ သို့မဟုတ်ပါက ပိုးမွှားများ ပေါက်နိုင်ပြီး မိန်းမကိုယ် ယားယံစေနိုင်ပါတယ်။
– ရာသီလာစဉ် လိင်ဆက်ဆံခြင်း ရှောင်ကြဉ်ပါ။
လိင်ဆက်ဆံခြင်းသည် ပိုမိုနာကျင်ကိုက်ခဲစေပြီး သွေးသွန်ခြင်းဖြစ်စေနိုင်ကာ ရာသီလာရက်ရှည်စေပါတယ်။
Dr. ပြည့်ရှင်း
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments