ယောကျ်ားမှန်ရင် သိကိုသိထားရမဲ့အချက် ၅ ချက်


၁။ယောကျာ်းတစ်ယောက်ရဲ့ လိင်တံဟာ ကျိုးနိုင်သလား။
ကျိုးနိုင်ပါတယ်။သူ့မှာက အရိုးမရှိတဲ့အတွက် အရိုးကျိုးသလိုတော့ မဟုတ်ဘူးပေါ့။ဒါပေမဲ့ တောင်မတ်ခြင်းဖြစ်နိုင်စေဖို့ရာ အရမ်းကို သန်မာတဲ့အလွှာတစ်ခုနဲ့ ဖုံးအုပ်ထားတာပဲ ဖြစ်ပါတယ်။လိင်ဆက်ဆံတဲ့အချိန်မှာ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမိလို့ ဒါမှမဟုတ် အခန့်မသင့်လို့ ဒီအလွှာကိုပြုလုပ်ထားတဲ့ တစ်ရှုးအမာတွေစုတ်ပြတ်ကျိုးပဲ့သွားတာမျိုးကို လိင်တံကျိုးတယ်လို့ ခေါ်ပါတယ်။လိင်တံဆိုတဲ့အမျိုးက ထောင်မတ်နေတဲ့အချိန်မှာ သွေးတွေအားကောင်းကောင်းနဲ့ စီးဆင်းနေတာပဲ ဖြစ်ပါတယ်။အဲဒါကြောင့်လည်း တောင်မတ်နိုင်တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျိုးသွားခဲ့ရင် သွေးတွေအများကြီး ထွက်လာမှာပါ။ဖျောင်းခနဲအသံခပ်ကျယ်ကျယ်နဲ့အတူတူ အလွန်အမင်းလည်း နာကျင်မှုကို ခံစားရတယ်လို့ဆိုပါတယ်။လိင်တံဟာ အညိုအမဲစွဲပြီး ရောင်ကိုင်းလာပါလိမ့်မယ်။အရေးပေါ်ခွဲစိတ်ကုသမှု ခံယူဖို့လိုအပ်ပါလိမ့်မယ်။
၂။ပုံမှန်သုတ်ရည်အရောင်က ဘယ်လိုမျိုးလဲ။ဘယ်အချိန် စိတ်ပူသင့်သလဲ။
ပုံမှန်သုတ်ရည်အရောင်က ဖြူပြီးတော့ ပျစ်နှစ်ပါတယ်။တခါတလေ သုတ်ရည်ထဲ သွေးပါတတ်တာမျိုး ရှိနိုင်ပေမဲ့ ကာလအတန်ကြာ ပါနေတယ်ဆိုရင်တော့ ဆီးကျိတ်ပြဿနာတခုခုတော့ ရှိနေနိုင်ပါတယ်။သုတ်ရည်လွှတ်တဲ့အချိန်မှာ နာလည်းနာတယ် အနံ့လည်း မကောင်းဘူးဆိုရင်တော့ ပိုးကူးစက်ခံထားရတာမျိုး ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။
၃။လူငယ်အရွယ်ပဲ ရှိသေးရက်နဲ့ လိင်တံဘာလို့ မတောင်မတ်နိုင်ရတာလဲ။ပုံမှန်ရော ဟုတ်ရဲ့လား။
အသက် ၅၀ အောက်မှာ လိင်တံတောင်မတ်မှုမရှိနိုင်တဲ့ပြဿနာက ၅ % အောက်ပဲ ရှိပါတယ်။ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ခုလိုခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်ဆီပြေးတာ အကောင်းဆုံးပါပဲ။ခုလို ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့  ထိခိုက်ဒဏ်ရာရဖူူးတာ  သွေးကြောပြဿနာ နဲ့ သွေးတိုးဆီးချိုပြဿနာတွေပဲ ဖြစ်ပါတယ်။ဒါ့အပြင် မူးယစ်ဆေးသုံးတာ နဲ့ ဆေးလိပ်သောက်တာတွေကလည်း လိင်တံတောင်မတ်ခြင်းကို ထိခိုက်စေနိုင်ပါသေးတယ်။
၄။ပုံမှန်လိင်တံအရွယ်အစားက ဘယ်လောက်လဲ။ကြီးလာအောင် လုပ်လို့ရလား။
ပုံမှန်အားဖြင့်တော့  သုံးလက်မခွဲ နဲ့ ခုနစ်လက်မခွဲကြားပါ။များသောအားဖြင့် ငါးလက်မခွဲလောက်တော့ ရှိတတ်ကြပါတယ်။တကယ်လို့ သင့်လိင်တံက ပုံမှန်အရွယ်အစားမှာ ရှိနေတယ်ဆိုရင်တော့ ပိုကြီးလာအောင် မလုပ်ဖို့ အကြံပေးပါရစေ။ဘာလို့လည်ူဆိုတော့ အဲ့လိုကြီးလာအောင်လုပ်တဲ့ ဘယ်နည်းလမ်းကမှ စိတ်မချရလို့ပါပဲ။
၅။အရေပြားထိပ်ကို ဖြတ်သင့်သလား မဖြတ်သင့်ဘူးလား။
ကျန်းမာရေးရည်ရွယ်ချက်နဲ့ အရေပြားထိပ်ဖြတ်ခြင်းဟာ ကောင်းသလား မကောင်းဘူးလားဆိုတာ ခုထိ ငြင်းခုန်နေရဆဲကိစ္စတခုပါ။ဒါက ကိုယ်ပိုင်ဆုံးဖြတ်ချက်လို့ ပြောရင် ပိုမှန်ပါမယ်။ဘယ်ဆရာဝန်ကမှတော့ ခင်ဗျားကို အသားလွတ်ကြီး အရေပြားထိပ်ဖြတ်ပါလို့ ပြောမှာ မဟုတ်ပါဘူး။အရွယ်ရောက်ပြီးသားတွေမှာ များသောအားဖြင့် ထိပ်ဖြတ်ရလေ့ရှိတဲ့အကြောင်းရင်းတွေကတော့ လိင်တံထိပ်အရေပြားဖုံးအုပ်ပြီး ဆီးသွားရန်ခက်ခဲခြင်း နှင့် လိင်တံတွင်ရောဂါပိုးဝင်ခြင်းတို့ပဲ ဖြစ်ပါတယ်။
Dr. KG
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။


Comments