ရာသီလာနေချိန် လစဉ်သုံးပစ္စည်းကို တနေ့တာလုံလောက်အောင်မလဲရင် ဘာတွေဖြစ်မလဲ


ရာသီလာနေချိန် လစဉ်သုံးပစ္စည်းကို တနေ့တာလုံလောက်အောင်မလဲရင် ဘာတွေဖြစ်မလဲ
ကျောင်းသွား အလုပ်သွား အလုပ်ရှုပ်ကြတဲ့ ပျိုမေတွေဟာ လစဉ်ရာသီသွေးဆင်းချိန်မှာ လစဉ်သုံးပစ္စည်းကို လုံလောက်အောင် မလဲမိတာမျိုးဖစ်တတ်ပါတယ်……
လုံလောက်အောင်လဲတယ်ဆိုတာဘာလဲ?
ခြောက်နာရီခြားတခါလဲတာကိုဆိုလိုတာပါ……..သွေးဆင်းများတဲ့နေ့တွေမှာ လေးနာရီခြားတစ်ခါလဲသင့်ပါတယ်။
မလဲရင်ဘာတွေဖြစ်မလဲ?
၁။ အရေပြားခြောက်ကပ်ပြီး အနာဖြစ်မယ်
အရမ်းကြာသွားတဲ့အခါ ခြောက်ပီး ပွန်းတာမျိုးုဖြစ်လို့ အရေပြားအနာတွေ ပေါက်နိုင်ပါတယ်။
၂။အနံ့ဆိုးထွက်မယ်။
ရာသီသွေးက အနံ့ဆိုးဆိုးရွားရွားထွက်တာ မဟုတ်ပေမယ့် ပစ္စည်းမလဲဖြစ်တဲ့အခါ ရာသီသွေးနဲ့ ခန္ဓာကိုယ်က ဘတ်တီးရီးယားတွေပေါင်းသွားပြီး ငါးညှီနံ့လို အနံ့ဆိုးဆိုးထွက်လာမှာပါ။
၃။ရောဂါပိုးဝင်မယ်။
စိုစွတ်ပူနွေးနေတဲ့ လစဉ်သုံးပစ္စည်းက ဘတ်တီးရီးယားတွေပေါက်စေလို့ အနာတွေ အနီစက်တွေဖြစ်စေမယ့်အပြင် ဆီးပိုးဝင်တာ ကျောက်ကပ်ထိခိုက်တာမျိုးတွေနဲ့ မွေးလမ်းကြောင်းပိုးဝင်တာတွေဖြစ်နိုင်မှာပါ။ဒီထက်ဆိုးလာတယ်ဆိုရင်တော့ သားအိမ်ရောင်ခြင်း၊သားသမီး မရတာတွေအထိဖြစ်နိုင်တာမို့ ပေါ့ဆလို့မရပါဘူး။
Tamponသုံးတယ်ဆိုရင်တော့ သွေးဆိပ်တက်တာအထိ(Toxic shock syndrome)ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့်မို့ သတိမမူ ဂူမမြင်ဆိုသလို မလိုလားအပ်တဲ့ ဆိုးကျိူးတွေ မဖြစ်ရအောင် သတိထားပြီးဂရုစိုက်ကြပါလို့ တိုက်တွန်းပါရစေ။

မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments