အမျိုးသမီးများ မပေါ့ဆသင့်သော သွေးဆင်းခြင်း


အမျိုးသမီးများ မပေါ့ဆသင့်သော သွေးဆင်းခြင်း
အမျိုးသမီး များတွင် ဓမ္မတာ လာချိန်တွင် ရာသီသွေးဆင်းခြင်း၊ ရာသီမဟုတ်ပဲ သွေးဆင်းခြင်း၊ သွေးဆုံးချိန်တွင် သွေးဆင်းခြင်း များဖြစ်နိုင်သည်။ ပုံမှန် လာနေကြ ရက်မှာ လာရင် ကိစ္စ မရှိ လို့ ယေဘုယျ ပြောနိုင်သော်လည်း ပုံမှန်ထက် ပမာဏများခြင်း ရက်ကြာခြင်း သွေးခဲများပါ ပါလာခြင်း သွေးအားနည်းလက္ခဏာ များ ခံစားလာရခြင်းများဖြစ်လျင် မပေါ့ဆသင့်ပေ။ အမြန်ဆုံး ဆေးရုံ ဆေးခန်းသို့ ဆရာဝန်နှင့် ပြ၍ကုသမှု ခံယူသင့်သည်။

သွေးအားနည်း လက္ခဏာများမှာ မောလွယ်ခြင်း၊ မူးမေ့ခြင်း၊ ရင်တုန်ခြင်း၊ ပုံမှန်ထက် ဖြူဖျော့ခြင်း၊ အရမ်းဆိုးလာပါက သွေးပေါင်ချိန်ကျကာ သတိလစ်ခြင်း ၊ နှလုံး အမောဖောက်ခြင်း အထိဖြစ်နိုင်ပါသည့် အတွက် အထူးဂရုစိုက်ရန်လိုအပ်ပါတယ်။

ပုံမှန် ရာသီလာချိန်မဟုတ်ပဲ လာလျှင် အရေးကြီးဆုံးက ဒီမတိုင်ခင်က ရာသီထိန်ထားလား၊ တားဆေးသုံးနေလား (အထူးသဖြင့် ထိုးဆေး) ၊ သားအိမ်ထဲတွင် အလုံး အကြိတ်များရှိနေသလား ၊ သားအိမ်ခေါင်းမှာ အနာရှိနေလား အစရှိသော အချက်များကို စဉ်းစားရပါတယ်။ သားအိမ်ထဲ အလုံးရှိနေရင် မိန်းမကိုယ်မှသွေးဆင်းတတ်သလို ဗိုက်နာခြင်း ရာသီသွေးမမှန်ခြင်း ကလေးမရခြင်းများ နှင့်တွဲတွေ့ရတတ်ပါတယ်။ အရေးကြီးပါတယ် သားဖွားမီးယပ်ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ သွေးထွက် အရမ်းများနေရင်တော့ အရေးပေါ်ပြသရပါမယ်။

နောက်တစ်ခုက အမျိုးသားနဲ့ နေပြီးပြီးချင်း သွေးဆင်းတာတွေလည်း ဖြစ်တတ်ပါတယ် ။ ထိခိုက်မိပြီး သွေးမတိတ်တာတွေတွေ့ရပါတယ်။ အဓိကက ချက်ချင်း ဆေးရုံသွားဖို့နဲ့ ဖြစ်စဉ်ကို ကွယ်ဝှက်မထားဖို့ အရေးကြီးပါတယ် ။ ဒါမှ အချိန်မှီ ကုသမှုပေးနိုင်မှာပါ။ အခြားသော သွေးထွက်နိုင်တာတွေကတော့ ခန္ဓာကိုယ်မှာ နဂိုထဲက သွေးမတိတ်ရောဂါရှိသူများ ၊ သွေးကျဲဆေး သောက်နေရသူတွေ မှာလည်း သွေးထွက်များတာတွေ တွေ့ရပါတယ်။

ဘယ်လိုခွဲပြီးသိနိုင်လဲဆိုတော့ တစ်နေရာထဲက ထွက်တာ မဟုတ်ပဲ ခန္ဓာကိုယ် အနှံ့ မှာ သွေးထွက်တဲ့ လက္ခဏာတွေတွေ့ရပါမယ်။ ဥပမာ နှာခေါင်းသွေးယို၊ သွားဖုံးသွေးယို၊ အရေးပြားပေါ်မှာ အနီစက် နီညိုအကွက် များ ထွက်ခြင်း၊ သွေးခြေဥလွယ်ခြင်း၊ သွေးမတိတ်ခြင်းများ နှင့်တွဲ၍ ဖြစ်တတ်ပါတယ်။ မပေါ့ဆသင့်သောကြောင့် မိမိရဲ့ရက်ကို သေချာ ပြက္ခဒိန်မှာမှတ်ထားခြင်း နည်းခြင်းများခြင်းကို သေချာစွာ မှတ်ထားသင့်ပါကြောင်း အသိပေးရပါတယ် ။

Author : Dr. Lynn
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။


Comments