အွန်လိုင်းမှာ ကြော်ငြာနေတဲ့ ကြီးဆေးတွေ တကယ်စွမ်းသလား


လိင်အင်္ဂါကြီးထွားစေတဲ့ ဆေးတွေအကြောင်းကို chat box ကနေ လာလာမေးကြလွန်းလို့ ဖေ့စဘုတ်ထက် အက္ခရာတင်ပြီး ရှင်းပြပေးလိုက်ပါတယ်။
တချို့က ထင်နေကြတယ် ။ ကာမဆက်ဆံတဲ့အခါ လိင်အင်္ဂါ အကြီးအသေးက အရေးပါတယ်လို့။ တကယ်တော့ သုတေသန လေ့လာစမ်းသပ်ချက်များအရ အဲ့လိုမဟုတ်ဘူးဗျ။ ကိုယ့်ရဲ့ ကာမဆက်ဆံဖော်နဲ့ အပေးအယူ အတိုင်အဖောက်ညီရင် ရပါပြီ။
ကျနော့်ကို လာလာမေးကြတယ်။ ‘ဆရာ ကျနော့်ကောင်မလေး သဘောကျအောင် ကျနော့်လိင်အင်္ဂါကြီးချင်တယ် ရှည်ချင်တယ်။ ဘယ်လိုများ လုပ်ရမလဲတဲ့။ ကျနော့်ကို အဲ့အပိုင်းမှာ အရမ်းကျွမ်းကျင်တယ်လို့ ထင်နေကြပုံပဲ။ ကျနော့်ရုပ်က အဲ့လိုရုပ်များ ပေါက်နေလို့လားဗျာ။ ကဲ… လိုရင်းဘဲ ဆက်သွားရအောင်။
ယောက်ျာအင်္ဂါကြီးထွားခြင်းနှင့် ပါတ်သတ်၍
…………………………………………….
ယောက်ျားလေး တော်တော်များများက လိင်အင်္ဂါကြီးထွားရင် အမျိုးသမီးတွေကို ကာမဆက်ဆံတဲ့အခါ ဆွဲဆောင်နိုင်တယ်လို့ ထင်ကြတယ်။ လုံးဝ မှားပါတယ်။ အဲ့လို အထင်မှားအောင်လည်း အပြာစာအုပ်တွေ အပြာကားတွေက ရေးကြ ရိုက်ကြတာကိုး။ တကယ်တော့ ယောက်ျားလေးအင်္ဂါက ပုံမှန်အရွယ်ဆို ထောင်မတ်လာတဲ့အချိန်မှာ ၃ လက်မနဲ့ ၅ လက်မကြားရှိရင် ရပါပြီ။
တချို့ကတော့ အဲ့ထက်ကြီးကြပါတယ်။ ပျော့ခွေနေတဲ့အချိန်မှာတော့ အရွယ်အစား အမျိုးမျိုးရှိနိုင်ကြပါတယ်။ အဲ့ဒါက တကယ်တော့ ထည့်စဉ်းစားစရာ မလိုဘူး။ လိင်ဆက်ဆံဖို့ အသင့်ဖြစ်နေတဲ့အချိန်မှာ လိင်အင်္ဂါက သူ့ရဲ့ပုံမှန်အရွယ်အစားကို ရောက်တာပါဘဲ။ အရွယ်ရောက်ပြီး ယောက်ျားလေးတယောက်ဟာ ထောင်မတ်နေချိန်မှာတောင် ၃ လက်မ ထက်တိုနေတယ်ဆိုရင်တော့ micropenis လို့ခေါ်တဲ့ လိင်အင်္ဂါ သေးငယ်တဲ့ရောဂါ ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ အဲ့လိုဖြစ်နေတယ် ဆိုရင်တော့ ရောဂါရဲ့ ဇာစ်မြစ်ကိုရှာ သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူရမှာပေါ့။
လိင်အင်္ဂါ ကြီးထွားစေသော နည်းလမ်းများနှင့် ပါတ်သတ်၍
……………………………………………………………
၁။ သောက်ဆေး
……………………
ဆေးကုမ္ပဏီ တော်တော်များများက ဂျင်းထည့်ကြတာပါ။ လိင်အင်္ဂါ ကြီးထွားဆေး ဘယ်နှရက်သောက်ရင် ဘယ်လောက်ကြီးလာမယ် ရှည်လာမယ် ကာမဆက်ဆံတဲ့အခါ ကြာကြာဆက်ဆံနိုင်မယ် စသဖြင့်ပေါ့။ တကယ်စမ်းစစ်ကြည့်တော့ အဲ့ဆေးတွေထဲမှာ ပါတာတွေက သာမန်ဗီတာမင်နဲ့ သတ္ထုဓာတ်တွေပါဘဲ။ ဟော်မုန်းနည်းနည်း ထည့်ထားတယ်။ ဒီလောက်ပါဘဲ။
၂။ စုပ်ခွက်နဲ့ ဆွဲခြင်း
…………………….
တချို့တွေက လိင်အင်္ဂါ ရှည်လာအောင် စုပ်ခွက်နဲ့ဆွဲတဲ့နည်းကို သုံးကြတယ်။ အဲ့ဒါဟာ ပုံမှန်အရွယ်ထက် နည်းနည်းပဲ ပိုရှည်လာစေတာပါ။ ဘေးထွက်ဆိုးကျိုးအနေနဲ့ လိင်တံနဲ့ ကြွက်သားတွေလျှော့လာတယ်။ အသက်ကြီးလာတဲ့အခါ ကောင်းကောင်း မထောင်မတ်နိုင်တော့ဘူး။ ပန်းသေတယ်လို့ ပြောကြတာပေါ့။ နောက်တချက်က လိင်တံကို ဒါဏ်ရာဖြစ်စေတယ်။ မကောင်းဘူးဗျ။
၃။ လိမ်းဆေး
………………
တချို့က လိမ်းဆေးသုံးကြတယ်။ လိမ်းဆေးရဲ့ အစွမ်းက လိင်တံရဲ့ သွေးကြောလေးတွေ ကျယ်လာပြီး လိင်တံကို သွေးစီးဆင်းမှုများလာစေတယ်။ အဲ့တော့ လိင်တံက ကြီးလာသလို ခံစားရစေတယ်။ အဲ့ဒါကလည်း လိမ်းထားတုန်းဘဲ ကောင်းတာ။ ဆေးမလိမ်းတော့ရင် နဂိုအရွယ် ပြန်ဖြစ်သွားတာပါဘဲ။ သူ့ရဲ့ဘေးထွက်ဆိုးကျိုးက လိင်ဆက်ဆံတဲ့အခါ လိင်တံရဲ့ခံစားမှုအရသာကို ထုံသွားစေတယ်။ အဲ့တော့ ကာမအရသာ အပြည့်အဝ မခံစားရတော့ဘူး။
၄။ ဆေးထိုးခြင်း ခွဲစိတ်ပြုပြင်ခြင်း
……………………………………
ယောက်ျားလေးတွေ အချင်းချင်း ကြွားကြတယ် ငါက 3cc ငါက 5cc ငါက 8cc ထိုးထားတယ် စသဖြင့်ပေါ့။ ဘာဆေးတွေကို ဘယ်လောက် cc ထိုးကြတယ်တော့မသိဘူး။ တကယ်တမ်း စမ်းသပ်ချက်များအရ အဲ့လိုထိုးထားရင် ကြီးလာတာတော့မှန်ပေမယ့် လိင်တံရဲ့ ထောင်မတ်နိုင်စွမ်းကို လျှော့ကျစေတယ်။ လိင်တံရဲ့ အာရုံခံစွမ်းအားကို ကျစေတယ်။ ကာမအရသာ ခံစားနိုင်စွမ်းလျှော့ကျလာတယ်။ လိင်တံကင်ဆာ ဖြစ်နိုင်ချေ ပိုမြင့်မားလာတယ်။ လိင်တံဒဏ်ရာရပြီး ကြွက်သားတွေသေသွားရင် ပန်းသေသွားရော။
တချို့ကတော့ ခွဲစိတ်ပြုပြင်ကြတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး သေချာခွဲစိတ်ပြုပြင်ရင်တော့ မဆိုးပါဘူး။ ခွဲစိတ်ပြီး ဆီလီကွန်နဲ့ ဖိုက်ဗရင် ထည့်ကြတာပါဘဲ။ နဂိုအတိုင်းလောက် မကောင်းလောက်ပါဘူးဗျာ။
ယောက်ျားလေးတယောက်ဟာ သူ့လိင်တံဟာ သေးနေတယ်လို့ ခံစားရပြီဆိုရင် အများဆုံးဖြစ်နိုင်ခြေက စိတ်ရောဂါဗျ။ အာ့ကြောင့် အဲ့လိုခံစားနေရရင် စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ သွားရောက်စကားပြော ကုသမှုခံယူသင့်ပါကြောင်း။
ဒေါက်ပြည့်
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments