အိမ်ထောင်သည်မမတွေ ဖတ်ဖို့


အိမ်ထောင်သည်မမတွေ ဖတ်ဖို့
အိမ်ထောင်သည်လို့ ရည်ညွှန်းပြီး ရေးတာပါ။ အသက် ၁၈ ပြည့်ပြီးရင် ဖတ်လို့ရပါတယ်။
အိမ်ထောင်သည်အမျိုးသမီးတွေအတွက် ဆိုပေမယ့် အိမ်ထောင်သည်အမျိုးသားတွေပါ
ဖတ်ရမှာပါ။ အိမ်ထောင်သည်အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ပြဿနာလေးရှိပါတယ်။
အမျိုးသမီးနဲ့ အတူနေတဲ့အခါ လိင်တံမထောင်မတ်တာတို့ သုတ်လွှတ်မြန်နေတာတို့ ဖြစ်နေမှာ စိုးရိမ်နေကြတာပါ။ ကိုယ့်ဘက်ကတစ်ခုခုဖြစ်နေရင် အတူနေတဲ့ အမျိုးသမီးမှာ အိမ်ထောင်ရေးသုခ အပြည့်အဝမခံစားရမှ ာစိုးရိမ်နေကြတာပါ။
အိမ်ထောင်သည်အမျိုးသမီးတွေမှာ အများစုဖြစ်နေတဲ့ အဓိကပြဿနာက အတူနေတာမှာ ပြီးလားမပြီးလားကို သေချာ မသိတတ်ကြပါဘူး။ အိမ်ထောင်ရေးသုခရယ်လို့ ပြောရင် ပိုနားမလည်တတ်ကြဘူး။
အိမ်ထောင်သည် ဖြစ်လာပြီဆိုရင် ကိုယ့်အိမ်ထောင်ဖက်အမျိုးသားတွေနဲ့ နားလည်မှုရှိဖို့ တိုင်ပင်ဖို့လိုပါတယ်။ အတူနေတယ်ဆိုတဲ့ကိစ္စက အမျိုးသားတွေအဆင်ပြေဖို့တစ်ခုတည်းမဟုတ်ပါဘူး။
အမျိုးသမီးဘက်ကလည်းအဆင်ပြေမှ အိမ်ထောင်ရေးမှာ ပိုပြီးသာယာလာနိုင်တယ်။ လိင်ဆက်ဆံတဲ့ကိစ္စတစ်ခုတည်းနဲ့တော့ အိမ်ထောင်ရေးသာယာမယ်လို့ ပြောတာမဟုတ်ပါဘူး။
လိင်ဆက်ဆံတာမှာ နှစ်ဦးနှစ်ဖက်အဆင်ပြေတော့မှ နှစ်ယောက်ကြားမှာရှိနေတဲ့ ပြဿနာအစိုင်အခဲလေးတွေ အလိုလိုပြေပျောက်သွားတတ်တယ်။ ညှိနှိုင်းတိုင်ပင်လာတတ်တယ်။ အချင်းချင်းစိတ်ပျက်နေတာတွေ ကင်းဝေးလာတတ်တယ်။
အမျိုးသားအများစုကတော့ အတူနေတာမှာ အချိန်တစ်ခုအတွင်းမှာ အဆင်ပြေတတ်ကြတယ်။ အမျိုးသမီးအများစုကတော့ အမျိုးသားတွေ ကိစ္စပြီးသည့်တိုင်အောင် ဘာမှမခံစားရတာမျိုးတွေရှိတတ်ကြတယ်။ အမျိုးသမီးတွေ အတူနေတာ အဆင်ပြေစေဖို့ နှစ်ဦးနှစ်ဘက်လုံးမှာ လိုအပ်ချက်ရှိပါတယ်။ အမျိုးသမီးတွေအနေနဲ့ အတူနေတဲ့အခါ စိတ်ပါနေဖို့ လိုပါတယ်။
တစ်ချို့သောအခြေအနေတွေမှာ အလုပ်ပင်ပန်းစိတ်ပင်ပန်းဖြစ်နေချိန်မှာ အမျိုးသားတွေရဲ့ အလိုကို ရဲရဲကြီးငြင်းနိုင်ဖို့ လိုပါတယ်။ စိတ်မပါဘဲ အတူနေမိရင် လုပ်ရိုးလုပ်စဉ်ကြီးတစ်ခုလို့မြင်လာပြီး အိမ်ထောင်ဖက်ကို အမြင်မကြည်တာတွေ ဖြစ်နိုင်တယ်။ စိတ်မပါတဲ့အခါ တောင့်ထားတာမျိုးတွေဖြစ်တော့ ထိခိုက်ပွန်းပဲ့လွယ်တယ်။ အတူနေတာမှာ နာကျင်ခြင်းကို ခံစားရတတ်တယ်။ နောက်ထပ်အတူနေဖို့ကို ထပ်နာမှာလားဆိုတဲ့အသိနဲ့ ရှောင်လာတတ်ပါတယ်။
အမျိုးသားတွေအနေနဲ့လည်း အတူနေတဲ့အခါ လိင်ဆက်ဆံခြင်းမပြုခင်မှာ မိမိတို့ရဲ့ အိမ်ထောင်ဖက်အမျိုးသမီးကို ပွေ့ဖက်နမ်းရှုံ့တာလေးတွေ ထိတွေ့ကိုင်တွယ်တာလေးတွေလည်း ရှိဖို့လိုပါတယ်။ နူးညံ့ငြင်သာဖို့လည်း လိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမျိုးသမီးတွေမှာ စိတ်ခံစားမှုပါလာပြီး ဆန္ဒပြီးမြောက်ဖို့လည်း လွယ်လာပါတယ်။
အတူနေကြတဲ့အခါလည်း လိင်ဆက်ဆံနေစဉ်အတွင်း အဆင်ပြေမပြေဆိုတာ ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ လိုပါတယ်။ လိင်ဆက်ဆံခြင်းသာလုပ်နေတယ် ဘာမှမခံစားရဘူးဆိုရင် ပြောရမှာ ရှက်နေတာတို့ ဖြစ်နေတတ်ကြတယ်။
အမျိုးသမီးတွေဖက်က ပြောမှ အမျိုးသားတွေသိမှာပါ။ တစ်ဖက်လူကို အားနာပြီး ဟန်ဆောင်နေဖို့ မလိုပါဘူး။အမျိုးသားတွေကလည်း ကိုယ့်အိမ်ထောင်ဖက်ကို လိင်ဆက်ဆံနေစဉ်အတွင်းမှာ အဆင်ပြေလားနာလားစသဖြင့် မေးသင့်ပါတယ်။
နောက်တစ်ခုကတော့ လိင်ဆက်ဆံတဲ့ ပုံစံအနေအထားပါ။ အရွယ်ရောက်တဲ့ လူတိုင်း လိင်ဆက်ဆံတဲ့ ပုံစံအနေအထား အမျိုးမျိုးရှိတာကို သိကြပါတယ်။ အမျိုးသားရော အမျိုးသမီးရောက ပုံစံအနေအထားတစ်မျိုးနဲ့ အဆင်မပြေရင် နောက်ပုံစံတစ်မျိုးကို ပြောင်းပြီးကြိုးစားလို့ရပါတယ်။ အမျိုးသမီးတွေအတွက်လည်း ပိုအဆင်ပြေစေနိုင်တဲ့ အနေအထားမျိုးကို သိလာနိုင်တယ်။ အမျိုးသားတွေအတွက်လည်း မပြီးခင် ပုံစံပြောင်းလိုက်တဲ့အခါ အချိန်ပိုကြာစေတတ်ပါတယ်။
အမျိုးသမီးတွေမှာ အတူနေတဲ့အခါ စိတ်ဆန္ဒပြီးတယ်ဆိုတာ တစ်ခါခံစားဖူးတယ်ဆို သိလာပါတယ်။ စိတ်ဆန္ဒပြီးမြောက်တဲ့ အမျိုးသမီးတွေက သူတို့ရဲ့ အိမ်ထောင်ဖက်ကို ပိုမိုတွယ်တာလာတတ်ပါတယ်။ အစိုင်အခဲတွေ ပြေလည်တတ်တယ်။
အမျိုးသားတွေရဲ့မှားယွင်းတဲ့အယူအဆကလိင်ဆက်ဆံချိန်ကြာနေမှ အမျိုးသမီးတွေ စိတ်ဆန္ဒပြီးစေတယ်ထင်နေတာပါ ။ အချိန်ကြာတာမကြာတာနဲ့ မဆိုင်တတ်ဘူး။ တစ်ချို့ အချိန်ကြာကြာဆက်ဆံနေလည်း ပိုနာလာတာကလွဲပြီး မခံစားရတတ်ဘူး။
အမျိုးသားရောအမျိုးသမီးရော အတူနေကြတဲ့ အခါ ဘေးပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့မလိုတဲ့ အခြေအနေဖြစ်ဖို့ လိုပါတယ်။ ဘေးဝန်းကျင်စိုးရိမ်နေရရင်လည်း အဆင်မပြေတတ်ဘူး။ စိတ်ထဲ လောနေရတာ ပြန်ထိန်းနေရတာနဲ့ အတူနေတဲ့ ကိစ္စသာပြီးသွားမယ်။ စိတ်ထဲ မသက်မသာကြီးကျန်နေတတ်တယ်။
နောက်ဆုံးအရေးကြီးဆုံးကတော့ အတူနေတဲ့ ကိစ္စပြီးသွားတဲ့အခါ အမျိုးသားတွေအနေနဲ့ ကိုယ်လုပ်တာမဟုတ်တော့သလို ထထွက်သွားတာတို့ အမျိုးသမီးကို ကျောခိုင်းအိပ်လိုက်တာတို့က အမျိုးသမီးထုကို ခံပြင်းစေပါတယ်။
လိင်ဆက်ဆံပြီးတဲ့အခါလည်း ကိုယ့်အမျိုးသမီးကို အတူမနေခင်အချိန်လိုမျိုး နွေးနွေးထွေးထွေးဆက်ဆံပေးတယ်ဆိုတာမျိုးက အမျိုးသမီးတွေအတွက် ကြည်နူးပီတိဖြစ်စေပြီး နောက်ထပ်အတူနေခြင်းအတွက်လည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။
Dr. CST
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments