သေးသေးလေးပဲလား ကြီးကြီးလား မသေးမကြီးလား ကိုရွှေဘသား ကျားဆိုမှ ကျား

ကိုရွှေဘသား ယောကျာၤးသားတို့ သိချင်ကြတဲ့ ကြီးချင်ကြတဲ့ ပြဿနာဟာ နှစ်ပေါင်းများစွာ ကတည်းက ရှိခဲ့တာပါ။ ဇီဝကတို့ ခုခေတ်တိုင် အဖြေရှာဆဲပါ။ယောကျာၤးသားကြီးငယ်မဟူ မိမိတို့ အင်္ဂါသေးရင် ယောကျာၤး မပီသဘူး ၊ ယောကျာၤးတို့ စွမ်းဆောင်ရည် မပြည့်မီဘူးလို့ ယူမှတ်မှားနေကြပါတယ်။ ယောကျာၤးစွမ်းဆောင်ရည် ပြည့် ၊ မပြည့်ဆိုတာ အရွယ်အစားနဲ့ တိုက်ရိုက် အချိုးမကြပါဘူး။
ထိုထိုသော ကိုရွှေယောကျာၤးသားတို့၏ လိုအင်ကို ဖြည့်ဆည်းဖို့ နည်းလမ်းပေါင်းစုံတွေ တီထွင်ကြံဆခဲ့ကြတာ နှစ်ပေါင်းမနည်းပါ။ ခုဆိုရင် ကြီးဆေးသောက်ဆေး ၊ လိမ်းဆေး ၊ ထိုးဆေးများ ၊ ပစ္စည်းကိရိယာများ ၊ လေ့ကျင့်ခန်းများကို အွန်လိုင်း မီဒီယာများ ၊ ဗီဒီယိုဖိုင်များမှာ ကြော်ငြာနေတာ ပလူပျံနေတာပါပဲ။ ထိုအရာများနဲ့ ပတ်သက်လို့လည်း အောက်မှာ ဆက်ဆွေးနွေးပါ့မယ် ။
တကယ်သေးတာလား ။
ယောကျာၤးသားတို့ရဲ့ အင်္ဂါအရွယ်အစားဟာ ဥရောပတိုက်သားတွေမှာ ငါးလက်မကျော်ထိ ရှိတတ်ပေမယ့် အာရှသားတွေမှာတော့ လေးလက်မ ပတ်လည်သာ ရှိတတ်ပါတယ်။ ဒါဟာ ထောင်မတ်နေတဲ့အချိန် တိုင်းထားတဲ့ အရွယ်အစားကို ပြောတာပါ။ လုံးပတ်ဆိုရင် အရွယ်ရောက်ပြီးတဲ့ အနောက်တိုင်းသားတွေမှာ တစ်လက်မခွဲ ၊ နှစ်လက်မ သာသာ ရှိတာပါ။ အာရှတိုက်သားတွေသည် အနည်းငယ် ပိုပြီး လုံးပတ်သေး ၊ အနည်းငယ် ပိုတိုနေတတ်ပါတယ်။
အာရှသားချင်းတူရင်တောင် တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါ။ ဘာကြောင့်လဲဆိုရင် မျိုးရိုးဗီဇအရ ၊ နေထိုင်မှု စားသောက်ပုံစံ အရ ကွဲပြားလို့ပါ ။လေ့လာထားချက်များအရ မိမိဘာသာ အရွယ်အစားသေးတယ် ထင်နေတဲ့ ယောကျာၤးသား အများစုရဲ့ အင်္ဂါဟာ ပုံမှန်အရွယ်အစားတွေ ဖြစ်နေကြတာ
ကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလို ထင်ကြတာလဲဆိုရင် ကြီးချင်တဲ့ စိတ်စွဲလွန်နေလို့ရယ် ၊ အဝလွန်နေလို့ရယ် ၊ မိမိဘာသာ ငုံကြည့်ရတဲ့ အခါ မြင်ကွင်းအနေအထားအရ သေးသွားတာရယ် တို့ကြောင့်ပါ ။
တကယ် အလုပ်ဖြစ်တဲ့နည်း အဝလွန်နေသူတွေမှာ ဝမ်းဗိုက်ရှိ ပိုနေတဲ့ အဆီတွေဟာ လိင်တံရဲ့ အရင်းကို ဖုံးအုပ်ထားသလို ဖြစ်တဲ့အတွက် သေးငယ်တယ် ထင်ရတာပါ။ ဒါကြောင့် ဝိတ်ချခြင်းဖြင့် အဆီတွေက ဖုံးအုပ်ထားတဲ့ လိင်တံအရင်းပြန်ပေါ်လာပြီး အနည်းငယ် ကြီးလာ ရှည်လာတယ် ထင်နိုင်စရာရှိပါတယ်။
ကြားဖူးနား၀ နည်းလမ်းများ တကယ် အလုပ်ဖြစ်ရဲ့လား။ လိင်တံကြီးထွားစေဆိုပြီး တစ်ယောက်စကား တစ်ယောက်နား ပြောနေကြတဲ့ သောက်ဆေးများ ၊လိမ်းဆေးများသည် သေချာစမ်းသပ်လေ့လာထားချက် များမရှိပါ။ ဒါကြောင့် လိင်တံကြီးထွားစေတယ်ဆိုတာ မမှန်ပါ။
လိင်အင်္ဂါကြီးဆေးများ လုံး၀ မထိုးသင့်ပါ။ လက်ငင်းချက်ချင်း အန္တရာယ်က တန်ဆာမှာ အနာဖြစ်မယ်။ အစပထမမှာ ကြီးလာတယ်ထင်ရပေမယ့်
နောက်ပိုင်းမှာ နဂိုရှိနေတဲ့ တစ်သျှူးတွေ နေရာမှာ အရွတ်တစ်သျှူးတွေ အစားထိုး ဝင်ရောက်လာပါတယ်။ အဲ့ဒီအခါ အမာရွတ်လို ဖြစ်သွားတယ်။ ပုံမှန်လို ကျုံ့နိုင် ၊ ဆန့်နိုင်ခြင်း မရှိတော့ စိတ်ပါပေမယ့် မိမိ အင်္ဂါသည် စိတ်အလိုမလိုက်နိုင်ဘဲ ကောင်းစွာ မတောင့်တင်းနိုင်တော့။ ထို့အခါ ခွဲစိတ်ပြုပြင်ရတဲ့အထိ ဖြစ်သွားနိုင်တယ်။ ခွဲပြီးရင်လည်း ပိုပြီးတောင် တိုသွားနိုင်တယ် ။
လိင်အင်္ဂါကြီးစေဖို့ ထောက်ကူပေးတဲ့ ကိရိယာဆိုတာ ဆလင်ဒါပုံ ရေပြွတ်သဏ္ဍန် ကိရိယာလေးပါ။ လေလုံအောင်လုပ်ထားတဲ့ ဆလင်ဒါကလေးထဲ
လိင်အင်္ဂါကို ထည့်စွပ်ရတယ်။ ထိုဆလင်ဒါလေးက သွေးတွေကို လိင်တံထိပ်ဆီ ပိုစီးစေတဲ့ အတွက် ထောင်မတ်လာပြီး ပိုကြီးလာတယ် ထင်ရပါတယ်။ အဲလို ထောင်မတ်လာရင် ပြန်ထုတ်ပြီး လိင်တံ အရင်းကို ကြိုးလိုဟာနဲ့ ချည်ထားရပါတယ်။ ဒါမှ သွေးတွေ နောက်ကို ပြန်မစီးမှ ကြာကြာခံနိုင်မှာပါ။ ဒါပေမယ့် သတိပြုရမှာက မိနစ် ၂၀ကျော် ကြာတဲ့အထိ စည်းထားမယ်ဆိုရင် လိင်အင်္ဂါ တစ်သျှူးများ ပျက်စီးနိုင်ပါတယ်။
လိင်အင်္ဂါကြီးထွားအောင် လေ့ကျင့်ကြတဲ့ နည်းပေါင်းစုံ တွေ့ဖူးကြားဖူးကြမှာပါ။ ဒါပေမယ့် လိင်အင်္ဂါသည် ကြွက်သားတွေနဲ့ဖွဲ့စည်းထားခြင်း မဟုတ်လို့
ရေမြုတ်ကဲ့သို့ ပွယောင်းတဲ့ တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားလို့ လေ့ကျင့်လို့ မရပါ။ စိတ်ပါတဲ့အချိန် လိင်အင်္ဂါတောင့်တင်းခြင်းမှာ လိင်အင်္ဂါမှာ သွေးများလာခြင်းကြောင့် ဖြစ်တာပါ။
Author : ခေတ်သစ် ဇီဝက
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments