လင်မယားအတူနေစဉ် ကြုံတွေ့ရတဲ့ အယူအဆအမှားများ


ခေါင်းစဉ်က လင်မယားအတူနေစဉ် ကြုံတွေ့ရတဲ့ အယူအဆအမှားများလို့ တပ်ထားတော့ လူယဉ်ကျေးမှုနဲ့ကြည့်ရင် ရိုင်းတယ်ထင်ရပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေက လင်မယားတွေကြားမှာ တကယ်ကြုံတွေ့နေတတ်ကြတဲ့ ဖြစ်ရပ်တွေပါ။ ခေါင်းစဉ်မှာကိုက လင်မယားလို့ရေးထားပါတယ်။ အိမ်ထောင်သည်လင်မယားတွေအတွက်ဘဲ ရည်ရွယ်ပါတယ်။
အိမ်ထောင်ပြုကြပြီးလို့ ပထမဆုံးအတူစပြီးနေကြတဲ့အခါ သံဝါသပြုကြတဲ့အခါ အမျိုးသားရော အမျိုးသမီးပါ ဆန္ဒပြီးမြောက်တယ်ဆိုတယ်ဆိုတာ မဖြစ်တတ်ကြဘူး၊ အမျိုးသမီးတွေပိုဆိုးပါတယ်။ ပထမဆုံးမှမဟုတ်ဘဲ အိမ်ထောင်သက်တစ်လျှောက်မှာ အတူဆက်ဆံတဲ့အခါ ဆန္ဒပြီးမြောက်တယ်ဆိုတာ ရှားပါတယ်။ ဆန္ဒမပြီးမြောက်ပေမယ့် ကိုယ်ဝန်ရနိုင်ပါတယ်။ မပြီးလို့ ကိုယ်ဝန်မရဘူးဆိုတာ မဟုတ်ပါဘူး။
လင်မယားအတူနေတဲ့အခါ ကြမ်းကြမ်းတမ်းတမ်းနဲ့ အားအင်မသုံးသည့်တိုင်အောင် အတူနေပြီးသွားရင် အမျိုးသမီးရဲ့ကိုယ်မှာ ပွန်းနေတာ စပ်နေတာတွေ ဖြစ်နိူင်ပါတယ်။ အတူနေစဉ်မှာ မိန်းမကိုယ်ထဲမှာအရည်မထွက်ရင် ပိုဆိုးပါတယ်။ ဒီလိုဘဲ အမျိုးသားတွေမှာလည်း လိင်တံထိပ်မှာနီရဲပြီး ပွန်းနေတာ စပ်နေတာတွေ ဖြစ်တတ်ပါတယ်။
အတူနေပြီး ဆီးသွားတဲ့အခါ ဆီးပူသလိုလို ကျင်သလိုလိုလည်း ဖြစ်နေတတ်ပါတယ်။ ဆီးပိုးဝင်တာနဲ့ မဆိုင်ပါဘူး။အမျိုးသမီးတွေမှာ သုတ်ရည်မရှိပါဘူး။ အတူနေတဲ့အခါ အရည်ထွက်တာ သုတ်ရည်မဟုတ်ပါဘူး။ စိတ်ခံစားမှုပါတဲ့အခါ မိန်းမကိုယ်မှာ အရည်ထွက်လာတတ်ပါတယ်။ ဒီလိုထွက်လာခြင်းက ဆက်ဆံတဲ့အခါမှာ နှစ်ဦးနှစ်ဖက်ကို အဆင်ပြေစေပါတယ်။ စိတ်ခံစားမှုပါလေလေ အရည်ပိုထွက်လေပါဘဲ၊ စိတ်ခံစားမှုပါနေတဲ့အခါမှာ အမျိုးသမီးတွေမှာ ဆန္ဒပြီးမြောက်ဖို့ အလားအလာပိုရှိပါတယ်။
အမျိုးသားတွေမှာ ကြုံတွေ့ရတဲ့ပြဿနာတွေက သုတ်လွှတ်ပြန်နေတာ၊ ပန်းသေပန်းညှိုးဖြစ်နေတာ၊ လိင်အင်္ဂါကိုကြီးချင်နေတာတွေပါ၊ ဒါတွေကြောင့် စိတ်ဆန္ဒမပြည့်ဝဘူးလို့ ထင်တတ်ကြတယ်။လင်နဲ့မယားဖြစ်လာရင် ဘယ်ကိစ္စမဆိုတိုင်တိုင်ပင်ပင်ရှိသင့်တယ်။ ပွင့်လင်းမှုရှိသင့်တယ်။ ဒီလိုတွေဖြစ်နေလို့ အမျိုးသမီးတွေအဆင်မပြေမှာ၊ စိတ်ကျေနပ်မှုမရတာကို စိုးရိမ်နေတတ်ကြတယ်။
တကယ်တမ်းက လင်မယားအတူနေတဲ့အခါ စိတ်ကျေနပ်စေဖို့၊ ဆန္ဒပြီးမြောက်စေဖို့ဆိုတာ လိင်အင်္ဂါချင်းထိတွေ့မှမဟုတ်ပါဘူး။ အထိအတွေ့ခံစားမှုတွေလည်း လိုပါတယ်။ ဘေးပတ်ဝန်းကျင်လည်း လိုတယ်။ တစ်ခုခုကိုစိုးရိမ်နေရတာမျိုး၊ လောနေတာမျိုးက ဆန္ဒပြီးမြောက်ဖို့နေနေသာ စိတ်ပါဖို့တောင် အနိူင်နိူင်ပါ၊ အဲ့လိုအခါတွေများလာရင်သာ နှစ်ယောက်ကြားမှာ အနေဝေးလာနိူင်ပါတယ်။
လင်မယားအတူနေတဲ့အခါ အချိန်သေချာပေးပြီး စိတ်ခံစားမှုတွေနဲ့ ကျေနပ်စေတဲ့အခါမှာ အမျိုးသားတွေကြုံတွေ့နေရတဲ့ သုတ်လွှတ်ပြန်တာတွေ၊ ပန်းသေပန်းညှိုးဖြစ်တာတွေ၊ လိင်အင်္ဂါမကြီးဘူးထင်နေတာတွေက အမျိုးသမီးတွေအတွက် မပြောပတော့ပါဘူး။ လင်မယားအတူနေပြီးတဲ့အခါ အမျိုးသားတွေရဲ့သုတ်ရည်တွေ ပြန်ထွက်တတ်ပါတယ်။ ဒါကပုံမှန်ပါ၊ ပြန်ထွက်လာလို့ ကလေးမရတော့ဘူးလားဆိုတာတော့ မဟုတ်ပါဘူး။ ထွက်လာတာရှိသလို အနည်းအများလည်း ဝင်မှာပါ၊ ကလေးလိုချင်တဲ့ အိမ်ထောင်သည်တွေကတော့ ကိစ္စပြီးတဲ့အခါမှာ ချက်ချင်းမထစေချင်ဘူး။
ကလေးရဖို့ ဘယ်လိုပုံစံနေရမယ်ဆိုပြီး သတ်မှတ်ချက်မရှိပေမယ့် အမျိုးသားတွေရဲ့သုတ်ပိုးက အမျိုးသမီးရဲ့သားအိမ်ကို ရောက်ဖို့နီးတယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ မျက်နှာချင်းဆိုင်အနေအထားထက်စာရင် ရှေ့နောက်ပုံစံမျိုးက သုတ်ပိုးသွားရမယ့် လမ်းကြောင်းကိုတိုစေတတ်ပါတယ်။ ကလေးလိုချင်တယ်ဆိုရင်တော့ အမျိုးသမီးတွေ သားဥကြွေနိူင်တဲ့ရက်မျိုးတွေမှာ အတူနေဖို့တော့ လိုပါတယ်။
အမျိုးသားသုတ်ရည်က မိန်းမကိုယ်ထဲဝင်မှ ကိုယ်ဝန်ရနိူင်ပါတယ်။ ပါးစပ်ထဲဝင်ရုံ၊ မြိုချမိတာမျိုးတွေက ကိုယ်ဝန်မရနိူင်ပါဘူး။ စအိုနဲ့ဆက်ဆံတာက ကိုယ်ဝန်မရပါဘူး။ ဒါပေမယ့် သုတ်ရည်တွေ မိန်းမကိုယ်ထဲမဝင်ဖို့တော့ ဂရုစိုက်ရပါတယ်။ ပုံမမှန်တဲ့နည်းလမ်းတွေနဲ့ ဆက်ဆံတာကိုတော့ ရှောင်စေချင်ပါတယ်။ ရောဂါပိုးတွေပါရင် ပါးစပ်ထဲမှာ လျှာမှာ အနာတွေဖြစ်မယ်။ စအိုလမ်းကြောင်းမှာ ပွန်းပဲ့တာတော့ အနာတွေဖြစ်မယ်။ ပိုဆိုးရင် ဝမ်းသွားရခက်တာတွေပါ ကြုံလာနိူင်ပါတယ်။
Dr.CST
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments