လိင်အင်္ဂါအရေပြား ဖြတ်တောက်တာ ကောင်းသလား


လိင်အင်္ဂါအရေပြားဖြတ်တောက်တာ ကောင်းသလား ၊မကောင်းဘူး
လားဆိုတာကို မဆွေးနွေးခင်မှာ အရင်ဆုံးအနေနဲ့ လိင်အင်္ဂါအရေပြားရဲ့ လုပ်ငန်း
ကို ပြောချင်ပါတယ် ။လိင်အင်္ဂါအရေပြားဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကျန်တဲ့အရေပြားလို့
ပဲ အပူအအေးဒဏ် ၊ထိခိုက်မှုဒဏ် ၊လိင်အင်္ဂါခြောက်သွေ့မှုမဖြစ်အောင် ကာကွယ်ပေး
ပါတယ် ။ဒါ့အပြင် လိင်အင်္ဂါအရေပြားမှာ အာရုံခံပစ္စည်းများ ကြွယ်ဝတာကြောင့် လိင်
ဆက်ဆံရာမှာ ကျေနပ်မှုပြည့်ဝစေတယ် ။
ဘယ်သူတွေမှာ လိင်အင်္ဂါအရေပြား မဖြတ်သင့်ဘူးလဲ ။
-မွေးရာပါ လိင်အင်္ဂါပုံစံမမှန်သူတွေ
-မွေးရာပါ ဆီးလမ်းကြောင်းပုံစံမမှန်သူတွေ
-လမစေ့ဘဲ မွေးတဲ့ တစ်နှစ်အောက်ကလေးတွေ
-သွေးရောဂါတစ်မျိုးမျိုးရှိတဲ့ သူတွေ
စသူတို့မှာ လိင်အင်္ဂါအရေပြား မဖြတ်သင့်ပါဘူး ။
ဘယ်သူတွေမှာဖြတ်သင့်ပြီး ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေ ရမလဲ။
-HIV ပိုးကူးစက်နိုင်ချေကို လျော့နည်းစေတယ် ။
၂၀၀၆ ခုနှစ်ပိုင်းလောက်က အာဖရိကမှာ လေ့လာတဲ့ လေ့လာမှုအရ လိင်အင်္ဂါအရေ
ပြား ဖြတ်တောက်ထားတဲ့သူတွေမှာ HIV ကူးစက်နိုင် လျော့နည်းစေကြောင်းတွေ့
ရှိရပါတယ် ။အထူးသဖြင့် လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာဖြစ်ပါတယ် ။
ဘာကြောင့်လဲဆိုရင် လိင်အင်္ဂါအရေပြားမှာ ရှိတဲ့ Langerhans ဆိုတဲ့ ဆဲလ်တွေကို
HIV ပိုးက ကြိုက်ပါတယ်။ လိင်အင်္ဂါအရေပြား ဖြတ်တောက်လိုက်တော့ ထိုဆဲလ်တွေ
နည်းသွားတယ် ။ဒါ့အပြင် လိင်အင်္ဂါအရေပြားမှာ အနာအဆာတွေရှိရင် လည်း HIV
ကူးစက်နိုင်တာမို့ လိင်အင်္ဂါအရေပြားဖြတ်တောက်ခြင်းဖြင့် HIV ပိုးတွေ ဝင်ရောက်နိုင်
ချေ နည်းသွားနိုင်ပါတယ် ။
-လိင်ဆက်ဆံမှုကတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ(ကာလသား ၊ဂနိုရောဂါ အစရှိ
တဲ့) ၊HPV လို့ခေါ်တဲ့ လိင်အင်္ဂါကြွက်နို့ ၊သားအိမ်ခေါင်းကင်ဆာ ၊လိင်တံကင်ဆာဖြစ်
ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးများ ကူးစက်နိုင်ချေ နည်းသွားစေပါတယ် ။
-လိင်အရေပြားသည် လိင်တံထိပ်ကို ငုံကာ အိတ်သဖွယ်ဖြစ်စေတဲ့အတွက်ကြောင့်
ရောဂါပိုးတွေ အောင်းကာ ဆီးလမ်းကြောင်းကို ပိုးဝင်စေပါတယ် ။ဒါကြောင့် လိင်အင်္ဂါ
အရေပြားဖြတ်တောက်ခြင်းဖြင့်လည်း ဆီးပိုးဝင်တာကို လျော့ချပေးပါတယ် ။
-လိင်အရေပြား နောက်လှန်မရတဲ့သူတွေမှာလည်း အရေပြား ဖြတ်တောက်သင့်ပါတယ်
ဘာတွေ ဘေးထွက်ဆိုးကျိုးဖြစ်တတ်လဲ ။
ကျန်းမာရေးအရ ကြီးကြီးမားမား ဆိုးကျိုးတော့ မဖြစ်စေပါဘူး ။လိင်ဆက်
ဆံမှုကိုလည်း မထိခိုက်စေပါဘူး ။အခန့်မသင့်ရင်တော့ သွေးထွက်ခြင်း ၊နာခြင်း ၊အနာ
ကို ပိုးဝင်ခြင်းတို့တော့ ဖြစ်တတ်ပါတယ် ။
ဒါကြောင့် လိင်အင်္ဂါအရေပြားကို မဖြစ်မနေ ဖြတ်တောက်သင့်တာတော့
မဟုတ်ပေမယ့် ဖြတ်တောက်ရင်တော့ ကျန်းမာရေးအကျိုးကျေးဇူးများတာတော့ အမှန်
ပင်။ ဒါပေမယ့် လိင်အင်္ဂါဖြတ်တောက်လိုက်ပေမယ့် လိင်ကတဆင့်ကူးစက်တတ်တဲ့
ရောဂါပိုးတွေကို လုံးဝမဖြစ်ပွားအောင် ကာကွယ်ပေးတာတော့ မဟုတ်ပါ ။အဓိက
ကတော့ မိမိရဲ့ အပြုအမူတွေကို မပြောင်းလဲရင် (ဥပမာ-အကာအကွယ်မဲ့ လိင်တူ ၊
လိင်ကွဲဆက်ဆံရင် ၊လိင်ဆက်ဆံဖော်များရင်) ကူးစက်နိုင်ချေတော့ ရှိဦးမယ်ဆိုတာ
သတိချပ်စေချင်ပါတယ် ။
Author : ခေတ်သစ်ဇီဝက
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments