အမျိုးသားခွန်အားတိုးစေမည့် အစားအစာများ

အနီရောင်အဆင်းရှိသော အသားများ
အနီရောင်အဆင်းရှိသော အသားများသည် အမျိုးသားများအား ခွန်အားကိုတိုးပွားစေကြောင်း သုတေသနများအရ သိရသည်။ အမဲသားနှင့် ဝက်သားများ တွင် ပရိုတင်းများစွာပါရှိပြီး ကြက်ရင်ဖုံးသားထက် အဆီနည်းငယ်သာ ပိုမိုပါဝင်သည်။ အနီရောင်အသားများတွင် လူဆင်းနှင့် အမိုင်နိုအက်ဆစ်ပေါကြွယ်ဝစွာပါဝင်ပြီး ကြွက်သားတည်ဆောက်ရာ၌ ကူညီပေးသည်။
အခွံမာငါးနှင့် ပင်လယ်စာများ
အခွံမာငါးနှင့် ပင်လယ်စာများတွင် ဇင့်ဓာတ်များစွာပါဝင်ပြီး နှလုံး၊ ကြွက်သားနှင့် မျိုးပွားအင်္ဂါစနစ်အတွက် အလွန်အရေးကြီးသည်။ ပုံမှန်ထက် ဇင့်ဓာတ်     လျော့နည်းနေသော အမျိုးသားများတွင် သုက်ပိုးအရည်အသွေးလျော့ကျစေနိူင်ပြီး သားသမီးမထွန်းကားနိုင်ခြေပိုများသည်။ ပင်လယ်စာများတွင်သာမက အမဲသား၊ ကြက်ဆင်၊ ကြက်သား၊ အခွံမာသီးနှင့် အစေ့အဆန်များတွင်လည်း ကျန်းမာရေးအတွက် လိုအပ်သည့် ဇင့်ဓာတ်ပမာဏပါရှိသည်။
ထောပတ်သီးနှင့် ပင်လယ်ငါးများ
ထောပတ်သီးတွင် အဆီဓာတ်များစွာပါဝင်ပြီး ၎င်းအဆီမှာ ကျန်းမာရေးကောင်းကျိုးပေးသည့် မပြည့်ဝဆီများဖြစ်သည်။ ကိုလက်စထရောပမာဏနှင့်       မကောင်းသော ကိုလက်စထရောပမာဏကို လျော့ချပေးနိုင်သည်။ သံလွင်ဆီနှင့် အခွံမာသီးများတွင်လည်း ကျန်းမာရေးကောင်းကျိုးပေးနိုင်သည့် အဆီများ ပါဝင်သည်။ အဆီရှိသော ငါးများဖြစ်သော ဆယ်လ်မွန်၊ ပင်လယ်ငါးသလောက်နှင့် ဆာဒင်းငါးများတွင် ကျန်းမာရေးကောင်းကျိးုပေးနိူင်သည့် အိုမီဂါ (၃)     ဖက်တီးအက်ဆစ်ပါဝင်သည်။ ၎င်းသည် နှလုံးရောဂါကြောင့် သေဆုံးနိူင်ခြင်းကို လျော့ကျစေနိူင်သည်။
ချောကလက်
ချောကလက်သည် သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး သင့်တင့်မျှတစွာ စားသုံးသင့်ပါသည်။ အနက်ရောင်ချောကလက်တွင် ပါဝင်သော ဖလာဗင်နိုသည် ကျန်းမာရေးဆိုးကျိုးပေးနိူင်သည့် ကိုလက်စထရောများကို လျော့ကျစေနိူင်ပြီး သွေးလှည့်ပတ်စီးဆင်းခြင်းကို တိုးတက်စေကာ သွေးဖိအားကို ထိန်းသိမ်း     ပေးနိူင်သည်။ သွေးစီးဆင်းမှု မကောင်းမွန်ပါက အမျိုးသားများတွင် လိင်တံထောင်မတ်နိူင်မှုစွမ်းရည် ထိခိုက်နိူင်ပါသည်။ နှလုံးကျန်းမာရေးကောင်းမွန်စေ   သော အစားအစာများသည် အိမ်ထောင်မှုသုခကို တိုးတက်ကောင်းမွန်စေနိူင်သည်။ သို့ရာတွင် ချောကလက်ကို အလွန်အကျွံစားသုံးပါက အဝလွန်စေနိူင်ပါသည်။
 ချင်း
ပါးပါးလှီးထားသော ချင်းပြားလွှာများကို ဆူရှီနှင့် အာရှအစားအစာများတွင် တွေ့ရတတ်သည်။ ချင်းသည် ခန္ဓာကိုယ်ရောင်ရမ်းခြင်းဖြင့် သက်သာစေနိုင်ပြီး နေ့စဉ်ပုံမှန်စားသုံးပေးပါက လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ကြွက်သားအနာတရဖြစ်မှုကို လျှော့ချပေးနိူင်သည်။
ခရမ်းချဉ်သီးအနှစ်
ခရမ်းချဉ်သီးတွင် လိုင်ကိုပင်းဓာတ်များစွာပါဝင်ပြီး ကင်ဆာအချို့ကို ကာကွယ်ပေးနိုင်သည်။ သုတေသနတစ်ခုအရ ခရမ်းချဉ်သီးဆော့ကို ပုံမှန်စားသုံးပေးပါက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေနိူင်ကြောင်း သိရသည်။ ထို့အပြင် ခရမ်းချဉ်သီးတွင် ကျန်းမာရေးအတွက် ကောင်းကျိုးပေးနိူင်သော အာဟာရဓာတ်များစွာ ပါဝင်သည်။
 ပဲပြားနှင့် ပဲပိစပ်
ပဲပြားနှင့် ပဲပိစပ်များသည် ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိူင်သည်။ တို့ဖူး၊ ပဲပင်ပေါက်ဟင်းချိုနှင့် ပဲနို့များသည် အရသာကောင်းမွန်သော အစားအစာများဖြစ်သည်။ အာရှသားများသည် အမေရိကန်သားများထက် အဆ ၉၀ ပဲပြားထွက်အစားအစာများကို စားသုံးကြောင်း သုတေသနများအရ သိရသည်။ ထို့ကြောင့် အာရှသားများသည် အမေရိကန်နိုင်ငံသားများထက် ဆီးကျိတ်ကင်ဆာဖြစ်ပွားနှုန်း လျော့နည်းသည်။
နို့နှင့် ဥအမျိုးမျိုး
နို့နှင့် နို့ချဉ်များတွင် လူဆင်းပါဝင်ပြီး ကြွက်သားတည်ဆောက်မှုကို ကူညီပေးသည့် အမိုင်နိုအက်ဆစ် ပါဝင်သည်။ ကယ်လ်စီယမ်ဓာတ် ပါဝင်သောကြောင့် အရိုးသန်မာစေပြီး အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေနိူင်သည်။ ဥများတွင် လူတင်း၊ ပရိုတင်း၊ သံဓာတ်များစွာ ပါဝင်ပြီး တစ်နေ့လျှင် ၃၀၀ မီလီဂရမ် ရရှိအောင် စားသုံးပေးပါက ကျန်းမာရေးကောင်းမွန်စေနိူင်သည်။ ကိုလက်စထရောများနေသူဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်သင့်ပြီး ညွှန်ကြားချက်အတိုင်းသာ စားသုံးပေးသင့်သည်။
 ဟင်းသီးဟင်းရွက်များ
ဟင်းသီးဟင်းရွက်များတွင် ဖိုင်တိုကယ်မီကယ်လ်များနှင့် အာဟာရဓာတ်များစွာ ပါဝင်ပြီး ဆဲလ်ကျန်းမာရေးကိုကောင်းမွန်စေကာ ဟင်းသီးဟင်းရွက်များ       ဖြစ်သော ဟင်းနုရွယ်၊ ကိုက်လန် စသည်တို့သည် မျက်လုံးကျန်းမာရေးနှင့် ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိူင်သည်။ ၎င်းတွင် လူတင်းနှင့် ဗီယာဇန်  သင်း ပေါကြွယ်ဝစွာ ပါဝင်သည်။လိမ္မော်ရောင် အဆင်းရှိသော မုန်လာဥနီ၊ ရွှေဖရုံသီး၊ ကန်စွန်းဥများတွင် ဘီတာကာရိုတင်း၊ လူတင်း နှင့် ဗီတာမင်စီ များပါဝင်ကာ ဆီးကျိတ်ကြီးခြင်းတို့ကို လျော့ကျစေနိူင်သည်။ ထို့ကြောင့် တစ်နေ့တာ အစားအသောက်များတွင် ရောင်စုံအဆင်းရှိအောင် စားသုံးပေးသင့်သည်။
ဘယ်ရီသီးများ
ဘယ်ရီသီးများတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်အောင် လုပ်ဆောင်ပေးနိူင်သည်။ ၎င်းတွင် Antioxidants များစွာပါဝင်ပြီး ကင်ဆာဖြစ်နိူင်ခြေကို လျော့ကျပေးနိူင်သည်။ သုတေသနများအရ ဘယ်ရီသီးများသည် မှတ်ဉာဏ်နှင့် တွေးခေါ်မှု စွမ်းရည်ကို မြှင့်တင်ပေးနိူင်ကြောင်း သိရ သည်။
Author: ဒေါက်တာချမ်းမြေ့;Healthcare Journal, vol 8,no 14
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments