အမျိုးသမီးများ ဓမ္မတာရာသီသွေးပေါ်ချိန် ဆက်စပ်နေတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာ

အမျိုးသမီးဘဝ အသက် ၁၀ နှစ်ကျော်စလာတဲ့ အရွယ်ကစလို့ အသက် ၅၀ ကျော်ရာသီသွေးဆုံးချိန်အထိ ကိုယ်ဝန်ဆောင်၊ နို့တိုက်ချိန်အစောပိုင်းကလွဲရင် ရာသီသွေးလာလေ့ရှိပါတယ်။ ရာသီသွေးလာရင် နာကျင်ကိုက်ခဲတတ်ပါတယ်။ နာကျင်ကိုက်ခဲတတ်ပါတယ်။ နာကျင်ကိုက်မှုဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီနိူင်ပါဘူး။ အကြောင်းအမျိုးမျိုးရှိတယ်။
အပျိုအမြှေးထူခြင်း – အပျိုမြှေးထူတဲ့ အမျိုးသမီးတွေမှာ ရာသီသွေးလာစဉ် သွေးဆင်းရန် ယင်းအပျိုမြှေးကို ဖောက်ထွက်စီးဆင်းရခက်ခဲတတ်လို့ အထဲမှာ သွေးဟောင်း၊အကြွင်းအကျန်များ ကျန်ရှိတာ နာကျင်စေတယ်။ အပျိုမြှေးကို အလိုက်သင့် ကိုက်ညှပ်ပေးခြင်း၊ မေ့ဆေးပေးကာ အပျိုမြှေးဖယ်ရှားပေးခြင်းနည်းနဲ့ ရောဂါသက်သာတယ်။
သားမွေးလမ်းကြောင်း ရောဂါပိုးဝင်ရောက်ခြင်း – အကြောင်းအမျိုးမျိုးကြောင့် သားမွေးလမ်းကြောင်း တစ်လျှောက် ရောဂါပိုးဝင်ရောက်တတ်တယ်။ အိမ်သာသုံးပြီး ရေနဲ့ဆေးကြောသန့်စင်ရာမှ အရှေ့မှ အနောက်သို့ ရေလောင်းဆေးကြောရမယ်။ အနောက်မှ အရှေ့ကို ရေလောင်းဆေးကြောရင် မစင်ကပိုးတွေ ဆီးလမ်းကြောင်းထဲ ရောက်ရှိသွားနိူင်သည်။ ဆေးကြောတဲ့ရေ သန့်စင်ဖို့လိုအပ်ပြီး ဖြစ်နိူင်ရင် ရေကျက်အေးသီးခြားထားရှိကာ အိမ်သာသွားပြီးရင် စနစ်တကျ ဆေးကြောပေးသင့်ပါတယ်။ လိင်ဆက်ဆံမှုကြောင့် ဆက်ဆံဖော်မှတစ်ဆင့် ရောဂါများရရှိနိူင်ရာ ဆစ်ဖလစ်ဆီပူညောင်းကျ ရောဂါပိုးဝင်ရောက်ရင် မိန်းမကိုယ်ရောင်ရမ်းကာ ကိုက်ခဲနာကျင်တတ်တယ်။ မိသားစုဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူသင့်တယ်။
တစ်ခါတစ်ရံ သားဆက်ခြားရာမှာသုံးတဲ့ သားအိမ်ထဲထည့်ပစ္စည်း IUCD ကြောင့် ကြေးနီ (သို့) ပလပ်စတစ်ပစ္စည်းဖြစ်ရင် ခန္ဓာကိုယ်က သူပိုင်ပစ္စည်း မဟုတ်ဘဲ သူစိမ်းပစ္စည်းဖြစ်တယ် သတ်မှတ်ပြီး IUCD ထွက်သွားအောင် အခွင့်အရေးရသမျှ ညှစ်နေတာကြောင့် ဓမ္မတာသွေးပေါ်ခါနီး ပေါ်နေချိန်၊ ပေါ်ပြီးချိန်တွေမှာ ကိုက်ခဲနာကျင်တတ်ပါတယ်။ သာမန်အကိုက်အခဲဆေး ပါရာစီတမော့ လောက်သောက်ရင် သက်သာတယ်။
သားအိမ်ထဲမှမဟုတ်၊ သားအိမ်ပြင်ပဖြစ်လို့ ကိုက်ခဲနာကျင်တဲ့ဝေဒနာ ဖြစ်တယ်။ သားဥမှာ ပုန်းရည်ကြီးလို အရည်စုနေပြီး အလုံးဖြစ်လို့၊ ကျွဲကောသီးလောက် အလုံးဖြစ်တဲ့အခါ သူရဲ့တည်ရှိမှုကြောင့် ဓမ္မတာသွေးပေါ်ရင် အလွန်ကိုက်ခဲနာကျင်တတ်တယ်။ သားဥမှာ ဖြစ်တာပါ။ ဓမ္မတာသွေးမပေါ်ခင်နဲ့ ပေါ်ပြီးချိန်တွေမှာ နာကျင်ကိုက်ခဲတာဆိုရင် သားဥကဖြစ်တဲ့ ရောဂါဆိုတာ မှန်းဆလို့ရပါတယ်။
တင်ပါးဆုံရိုးကွင်းမှာရှိတဲ့ အူဖုံးအမြှေးပါးရောင်တာ၊ သားအိမ်ရောင်တာ၊ သားအိမ်ဘေးပတ်ဝန်းကျင်နဲ့ သားဥပြွန်ရောင်တာတို့ သားအိမ်ဘေးပတ်ဝန်းကျင်အလုံးတို့မှာ ဓမ္မတာသွေးပေါ်တဲ့အချိန် ကိုက်ခဲနာကျင်တတ်တယ်။ အထူးသဖြင့် နာတာရှည်တင်ပါးဆုံရုံကွင်း ရောင်ရမ်းရောဂါမှာ သားအိမ်နဲ့ သားဥပြွန်ရောင်တဲ့အခါ ဓမ္မတာသွေးပေါ်ချိန်မှာ နာကျင်ကိုက်ခဲတယ်။
ဓမ္မတာရာသီသွေးပေါ်လို့ ကိုက်ခဲနာကျင်တဲ့လူနာကို ရောဂါရာဇဝင် သေသေချာချာစစ်ဆေးမေးမြန်းရင် ဘာကြောင့် နာကျင်ကိုက်ခဲရတာ စစ်ဆေးမေးမြန်းနိူင်တယ်။ အာထရာဆောင်းရိုက်ပြီး သားအိမ်အတွင်း အလုံးရှိ၊ မရှိ သားဆက်ခြား သားအိမ်ထည့်ပစ္စည်း မူမှန်၊ မမှန် သားအိမ်နာ ရှိ၊ မရှိ စစ်ဆေးပေးနိူင်တယ်။ သွေးစစ်၊ ဆီးစစ်ပြီး ရောဂါပိုး ရှိ၊ မရှိ သိနိူင်ကာ ရောဂါပိုးကြောင့် ဖြစ်ရင်၊ ပဋိဇီဝဆေး ထည့်ဆေးပေးနိူင်ပါတယ်။
ကုသမှုပိုင်းမှာ ခွဲစိတ်ဖယ်ရှားဖို့လိုတဲ့ အလုံးအကျိတ်တို့၊ စောစောစီးစီးခွဲစိတ်ဖယ်ရှားရမယ်။ ရောဂါပိုးကြောင့်ဖြစ်ရင် စီဖရန် ၅၀၀ မီလီဂရမ် တစ်နေ့ နှစ်ကြိမ် နှစ်လုံး၊ ၇ ရက်မှ ၁၀ ရက်ထိ ပေးနိူင်တယ်။ မိန်းမကိုယ်ထည့်ဆေး ညစဉ်ဆက်တိုက် ငါးညထည့်ပေးနိုင်သလို အကိုက်အခဲပျောက်ဆေးပေးရင် သက်သာနိူင်သည်။
Author: ဒေါက်တာလွင်သန့်
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments