သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာ


ရေးသားသူ Kyaw Thura Htunဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
ယနေ့ခေတ်မှာသားအိမ်ခေါင်းကင်ဆာကအသက်ဘေးကိုပါရန်ရှာလာတဲ့အတွက်အမျိုးသမီးထုကြီးကစိုးရိမ်လာပါပြီ။ဒါ့ကြောင့်သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ့အချက်တွေကိုသင့်အနေနဲ့သိထားဖို့အရေးကြီးပါတယ်။အခုပြောပြမှာကသင်သိထားသင့်တဲ့သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ့အချက်လေးတွေပါ။
အမေရိကန်ကင်ဆာအဖွဲ့အစည်းရဲ့ရီပို့အရ၂၀၁၆ခုနှစ်မှာသားအိမ်ခေါင်းကင်ဆာဖြစ်သူအရေအတွက်မှာ၁၂၉၉၀ရှိပြီးသားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူ၄၁၂၀ရှိကြောင်းတွေ့ရပါတယ်။သားအိမ်ခေါင်းကင်ဆာကဒုတိယအဖြစ်အများဆုံးကင်ဆာဖြစ်ပါတယ်။သားအိမ်ခေါင်းကင်ဆာကိုလုံးဝရှောင်ကျဉ်လို့ရပါတယ်။အမေရိကန် ရဲ့သားအိမ်ခေါင်းကင်ဆာကြောင့်သေဆုံးသူမှတ်တမ်းအရကာကွယ်မှုတွေကြောင့် သေဆုံးနှုန်းလျော့သွားတာတွေ့ရပါတယ်။သားအိမ်ခေါင်းကင်ဆာကတဖြည်းဖြည်းချင်းကြီးထွားလာတဲ့ကင်ဆာမျိုးဖြစ်ပါတယ်။သားအိမ်ခေါင်းကင်ဆာစဖြစ်နေချိန်နဲ့သားအိမ်ခေါင်းကင်ဆာဖြစ်လာနိုင်ချေရှိခြင်းကိုစမ်းသပ်မှုတွေပြုလုပ်လို့ရနိုင်ပါပြီ။စမ်းသပ်မှုတွေကသားအိမ်ခေါင်းအချွဲမြှေးစစ်ခြင်းနဲ့ human papilloma virus test ပဲဖြစ်ပါတယ်။Human Papilloma Virus (HPV) နဲ့ကူးစက်ခံရခြင်းကသားအိမ်ခေါင်းကင်ဆာကြီးထွားမှုနဲ့ဆက်နွယ်နေပါတယ်။Human Papilloma Virus ကိုကာကွယ်ဖို့ကာကွယ်ဆေးရှိပါတယ်။ကျန်းမာတဲ့နေထိုင်မှုပုံစံကိုလိုက်နာခြင်းကသင့်ရဲ့သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်နှုန်းကိုလျော့စေပါတယ်။လိင်ဆက်ဆံသူအရေအတွက်ကန့်သတ်ထားခြင်းဘေးကင်းတဲ့စိတ်ချရတဲ့လိက်ဆက်ဆံမှုကိုလေ့ကျင့်ခြင်းလေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းကျန်းမာစွာစားသောက်ခြင်းဆေးလိပ်ရှောင်ခြင်းသားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေမြင့်စေတဲ့အရာတွေကတော့ခုခံအားကျဆင်းမှုရောဂါခုခံအားကျဆင်းနေခြင်းသင့်မိခင်ကိုယ်ဝန်ဆောင်စဉ်က diethylstilbestrol (DES) နဲ့ထိတွေ့မိခြင်းသားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းကိုသင့်အသက်၂၁မှာစသင့်ပါတယ်။သက်ဆိုင်တဲ့ပညာရှင်တွေကသင့်ကိုပြုလုပ်ရမယ့်စစ်ဆေးမှုတွေနဲ့ကူညီမှာဖြစ်ပြီးသင့်တော်တဲ့စစ်ဆေးမှုတွေကိုလည်းရွေးပေးမှာပါ။အကျဉ်းချုံးပြီးပြောရရင်သင့်အနေနဲ့သားအိမ်ခေါင်းကင်ဆာဖြစ်လာနိုင်ခြေကိုလျှော့ချသင့်ပါတယ်။ဒါ့အပြင်သင့်မှာသားအိမ်ခေါင်းကင်ဆာရှိမရှိစစ်ဆေးဖို့ကမလုပ်မဖြစ်လုပ်ရမှာဖြစ်ပြီးသင့်အနေနဲ့သင့်ဆရာဝန်ကိုသင်နဲ့သင့်တော်မယ့်သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုလုပ်ပေးဖို့ဆွေးနွေးပါ။
အခုပြောပြသွားတာတွေကသားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ ယေဘူယျအကျဆုံးအချက်တွေပါ။အသေးစိတ်ကိုတော့ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။

Comments