အရွယ်ရောက်ပြီးသူတစ်ယောက်လား။ အရေးကြီးတဲ့ သတင်းအချက်အလက်တွေရှိပါတယ်။


ရေးသားသူ Dr. Thurein Hlaing Winဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
HPV ( Human Papilloma Virus ) ဆိုတာဘာလဲနှင့် အရွယ်ရောက်ပြီးသောယောက်ျားလေးနှင့် မိန်းကလေးတိုင်း ဘာကြောင့် သတိထားသင့်သနည်း။ HPV ( သို့မဟုတ် ) Human Papilloma Virus သည် အဖြစ်အများဆုံး လိင်ဆက်ဆံခြင်း မှတဆင့် ကူးစက်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါကူးစက်ခံရသောသူများသည် လိင်အင်္ဂါတဝိုက်တွင် ကြွက်နို့များပေါက်ခြင်းနှင့် သေစေနိုင်လောက်သည် အထိပြင်းထန်သော ကင်ဆာများဖြစ်သည့် လိင်တံကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ်လမ်းကြောင်းကင်ဆာ၊ မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာ၊ စအိုကင်ဆာ၊ လည်ချောင်းကင်ဆာ၊ လျှာကင်ဆာနှင့် အာသီးကင်ဆာ များဖြစ်နိုင်သည်။ လူတော်တော်များများက HPV သည် ယောက်ျား မိန်းမမရွေးဘဲ ကောင်းကောင်း ဒုက္ခပေးနိုင်သည်ဆိုတာ သတိမမူမိကြပေ။ HPV သည် အမျိုးသမီးတွေကိုပဲ ရွေးဝင်တာ မဟုတ်ဘဲ အမျိုးသားများဆီတွင်လည်း ရှိနေတတ်ပါသည်။  
HPV သည် ကင်ဆာရောဂါကို မဖြစ်စေနိုင်တောင်မှ လိင်အင်္ဂါတဝိုက်တွင် ကြွက်နို့များပေါက်ခြင်းဖြစ်စေနိုင်ပါသည်။ ထိုကြွက်နို့များပေါက်နေလျှင်စိတ်အနှောင့်အယှက် ဖြစ်စေပါသည်။ ကြွက်နို့များပေါက်ခြင်းသည် လိင်ဆက်ဆံရာတွင် သန့်ရှင်းမှု မရှိခြင်းကြောင့်ဖြစ်သည်ဟုယူဆကြသည်။ လူတော်တော်များများက ကြွက်နို့များ လိင်အဂါၤတွင်ရှိနေလျှင် ထိုပေါက်နေသောလူသည် လိင်ကိစ္စတွင် အလွန်ရမ္မက်ပြင်းထန်သောသူများဟု ယူဆထားကြသည်။ ထို့ကြောင့် သင့်တွင် ထိုရောဂါကူးစက်ခံနေရပြီဆိုလျှင် သင်၏အိမ်ထောင်ဖက်မှ သင်ဖောက်ပြန်နေသည်ဟု ထင်သွားနိုင်သည်။ သင်လည်းကျန်းမာနေပါလျက် ဤရောဂါ ဘယ်ကရသနည်းဟု သူတို့ထင်တတ်ကြသည်။ လူတော်တော်များများက ထိုရောဂါသည် လူ၏ကိုယ်ထဲတွင် အချိန်အတော်ကြာသည်အထိ သတိမပြုမိဘဲ ရှိနေနိုင်သည်ကို မသိကြပေ။ ကြွက်နို့ပေါက်မှသာ သတိထားမိတတ်ကြသည်။ သင်ကြွက်နို့များကို သတိမထားမိခင်ရှေ့အချိန်များတည်းက သင့်တွင်ကူးစက်ခံနေရပြီးဖြစ်နိုင်သည်။ သင်၏ အိမ်ထောင်ရေးနှင့်အချစ်ရေးသည် ဤရောဂါကြောင့် ပျက်စီးအဆုံးသတ်မလားဆိုတာကတော့ ပြောရခက်ပါသည်။ သင်သည် တစ်ကိုယ်တည်းသမားဖြစ်နေရင်တော့ လိင်အဂါၤတစ်ဝိုက်တွင်ပေါက်သော ကြွက်နို့များသည် သင့်လက်တွဲဖော်ရရှိဖို့နဲ့ အနာဂတ်မိသားစုဘဝ ဖန်တီးနိုင်ရေးတွင် အတားအဆီး ဖြစ်လာနိုင်ပါသည်။ သင့်တွင်မကုဘဲထားသော (သို့မဟုတ်) ခဏ ခဏ ပြန်ဖြစ်နေသော လိင်ဆက်ဆံရာမှ တဆင့် ကူးစက်သော ရောဂါရှိနေလျှင် သင် လူတစ်ယောက်ကို ချစ်ဖို့မလွယ်နိုင်ပေ။ 
 HPV ကာကွယ်ဆေး – ပြဿနာများအားလုံးကိုဖြေရှင်းမည့််အဓိက သော့ချက် အကယ်၍ တစ်စုံတစ်ယောက်က သင့်အား ဤပြဿနာများအာလုံးကို ကာကွယ်နိုင်မည့်နည်း ရှိနေပြီဟုပြောလာလျှင် သင်ထိုနည်းအား လက်ခံမည်လား။ သင့်အဖြေက “လုပ်မှာပေါ့” ဖြစ်နေပါက သင် ကာကွယ်ဆေးထိုးခြင်းကိုစလုပ်သင့်ပါသည်။ HPV ရောဂါတွင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ထိရောက်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုဗိုင်းရပ်စ် တစ်ခါဝင်လျှင် ထိုရောဂါပိုးသည် သင်၏ကိုယ်ထဲတွင် ကျန်ရှိနေသော သက်တမ်းတစ်လျှောက်လုံး ရှိနေနိုင်ပါသည်။ သူပေါ်ချင်သော အချိန်ပေါ်လာနိုင်သည်။ HPV ကြောင့်ဖြစ်သောရောဂါလက္ခဏာများကို အချိန်ပေး၍ကုသလျှင် သက်သာနိုင်သော်လည်း ထိုရောဂါပိုးကိုတော့ အမြစ်ပြတ်အောင် အသေသတ်၍မရပေ။ ထို့ကြောင့် မဖြစ်ခင်တည်းက ကာကွယ်ဆေးကြို၍ထိုးထားသင့်သည်။ HPV ကာကွယ်ဆေးများသည် စိတ်ချရသည် ၊ ထိရောက်သည် ၊ အချိန်အကြာကြီး ကာကွယ်ပေးနိုင်သည်။ အခြားကာကွယ်ဆေးများထိုးလျှင် ဖြစ်နေကြဖြစ်သော အနည်းငယ်ဖျားခြင်း ၊ ထိုးထားသောနေရာတွင် အောင့်ခြင်း ၊ အရေပြားတွင်အကွက်ထခြင်းများမှ လွဲ၍ ဆိုးရွားသော ဆိုးကျိုးထိခိုက်မှုများ မရှိနိုင်ပေ။ HPVကာကွယ်ဆေးသည် သင်အရွယ်မရောက်သေးခင်ထိုးထားလျှင်ကောင်းကောင်း အလုပ်လုပ်တယ်ဆိုတိုင်း သင် အရွယ်ရောက်သော အချိန်တွင် ကာကွယ်ဆေးထိုးလို့မရဘူးဟု မဆိုလိုပေ။ သင့်အသက်သည် ၄၅ နှစ်အောက် ငယ်မည်ဆိုလျှင် ကာကွယ်ဆေးထိုးဖို့ နောက်မကျသေးပေ။ 
သင်ကိုယ်တိုင်နှင့် အခြားသူများအား HPV ကာကွယ်ဆေးထိုးခြင်းဖြင့်ကာကွယ်ကြပါစို့။ HPV ရာဂါပိုးသည် လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သောကြောင့် သင့်တွင်ရှိနေလျှင် သင်၏ အိမ်ထောင်ဖက်ကိုပါ ကူးစက်စေနိုင်သည်။ HPV ရောဂါပိုးရှိနေလျှင် လိင်အဂါၤတစ်ဝိုက်တွင် ကြွက်နို့များပေါက်တာအပြင် တခြား ဆိုးရွားသော ရောဂါများနှင့် ယောက်ျားနှင့် မိန်းမ နှစ်ဦးလုံးတွင် အန ္တရာယ်ရှိသော ကင်ဆာများဖြစ်နိုင်ပါသည်။ သင့်တွင် အောက်ဖော်ပြပါ အချက်များထဲမှ တစ်ချက်သို့မဟုတ် အကုန်လုံးနှင့်ကိုက်ညီနေပါက ရောဂါရနိုင်ချေ မြင့်တက်နိုင်သည်။  
ပထမဆုံး လိင်ဆက်ဆံသောအရွယ်ငယ်ခြင်း လိင်တံထိပ်မှ အရေပြားအား ဖြတ်ခြင်းမျိုးမရှိခြင်းလိင်ဆက်ဆံသည့် အဖော် တစ်ဦးထက်များခြင်း၊  ခုခံအားကျဆင်းသော ရောဂါများရှိနေခြင်း အစရှိနေသည်တို့ ဖြစ်သည်။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် သင်ကိုယ်တိုင်ကိုသာမကသင်ချစ်သောသူကိုပါကာကွယ်ပြီးသားဖြစ်သည်။ သင်ချစ်သောသူကို လုံခြုံအောင် ထိုကဲ့သို့ ကာကွယ်ခြင်းဖြင့် သင်သည် ဘယ်ကိစ္စမဆို တာဝန်ယူစိတ်အပြည့်အဝ ရှိသူဖြစ်ကြောင်း ပြသပြီးဖြစ်သည်။ HPV ကာကွယ်ဆေးထိုးလိုက်ခြင်းဖြင့် သင်သည် လူထုတစ်ရပ်လုံး၏ ဗိုင်းရပ်စ်ပိုးကိုခုခံရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသည်။ ကာကွယ်ဆေးမထိုးထားသောသူများပင်လျှင် ရောဂါပိုးကူးစက်ခံရမှု လျော့နည်းသွားနိုင်သည်။ လူထုကျန်းမာရေးကောင်းမွန်ရန်အတွက် သင့်တွင် တာဝန် အပြည့်အဝ ရှိသည်။ 
ထို့ကြောင့် သင့်တွင် လိင်ဆက်ဆံချင်စိတ် လုံးဝမရှိလျှင်တောင် ရောဂါပိုးကူးစက်နိုင်ခြေရှိနေနိုင်သေးသည့် အတွက်ကြောင့် ကာကွယ်ဆေးထိုးထားရန် လိုအပ်ပါသည်။ သင် ၂၆ ပြည့်ပြီးလျှင်တော့ ကာကွယ်ဆေးအာနိသင်ရရန် ကြာကြာစောင့်ရမည်ဖြစ်သောကြောင့် နောက်မကျခင် မြန်မြန်ကာကွယ်ဆေးထိုးရန် တိုက်တွန်းအပ်ပါသည်။ 

Comments