သားအိမ်ကင်ဆာဖြစ်နေကြောင်း သိသင့်သည့် လက္ခဏာများ


ရေးသားသူ Kyaw Thura Htunဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

သင့်ရဲ့ကိုယ်မှာတစ်ခါတစ်လေ ရောဂါတစ်ခုခုရှိနေလောက်တယ်လို့သင်သံသယဖြစ်ရတဲ့လက္ခဏာတွေတွေ့ဖူးလား ? ရောဂါလက္ခဏာချင်းတူတဲ့ ရောဂါအများကြီးရှိသလိုသားအိမ်ကင်ဆာလိုမျိုးတိကျတဲ့ရောဂါလကဏာရှိတဲ့ရောဂါတွေလည်းရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့သူ့ရဲ့လက္ခဏာတွေကိုကြည့်ရအောင်။
မိန်းမကိုယ်အချိန်အခါမဟုတ်သွေးဆင်းခြင်း၊အစက်အပြောက်ဖြစ်ခြင်းနဲ့တခြားအရည်များဆင်းခြင်းသားအိမ်ကင်ဆာဖြစ်နေတဲ့အမျိုးသမီး၉၀ရာခိုင်နှုန်းကပုံမှန်မဟုတ်ဘဲ သွေးဆင်းကြပါတယ်။ဥပမာ – သူတို့ရာသီလာချိန်တွေမှာအပြောင်းအလဲရှိခြင်း၊ သွေးဆုံးပြီးချိန်မှ သွေးဆင်းခြင်း တွေဘဲဖြစ်ပါတယ်။ဒီလက္ခဏာကတော့ကင်ဆာကြောင့်မဟုတ်လည်းတခြားကျန်းမာရေးအခြေအနေတွေမှာဖြစ်နိုင်ပါတယ်။ဒါပေမယ့်ဒီလိုဖြစ်လာရင်တော့ဆရာဝန်ဆီသွားတာအသင့်တော်ဆုံးပါ။တကယ်လို့သင်ကသွေးဆုံးပြီးသားဖြစ်ပေမယ့်ဒီလိုသွေးဆင်းတာတွေ၊အစက်အပြောက်ဆင်းတာတွေ၊တခြားအရည်ဆင်းတာတွေရှိရင်တော့ဆရာဝန်ကိုချက်ချင်းသွားပြဖို့တော့လိုပါလိမ့်မယ်။
မိန်းမကိုယ်က သွေးမဟုတ်တဲ့တခြားအရည်တွေဆင်းခြင်းကလည်းသားအိမ်ကင်ဆာရဲ့အချက်ပြမှုတစ်ခုဖြစ်နိုင်ပါတယ်။ဆင်းတဲ့အရည်တွေထဲမှာ သွေးကိုမတွေ့ရရင်တောင်ဒါကသားအိမ်ကင်ဆာမဖြစ်နေဘူးလို့မဆိုနိုင်ပါဘူး။သားအိမ်ကင်ဆာဖြစ်ပွားမှုတွေရဲ့ဆယ်ရာခိုင်နှုန်းလောက်ကအရည်ဆင်းတဲ့အခါသွေးမပါတတ်ပါဘူး။ဒါ့ကြောင့်ဒီလိုမူမမှန်တဲ့အရည်ဆင်းတာတွေဖြစ်လာရင်ဆရာဝန်ကိုပြသင့်ပါတယ်။
တင်ပါးဆုံနာကျင်ခြင်း၊ကိုယ်အလေးချိန်ကျခြင်းသားအိမ်ကင်ဆာရဲ့တခြားလက္ခဏာတွေကတော့တင်ပါးဆုံနာကျင်ခြင်း၊အကျိတ်ဖြစ်ခြင်းနဲ့ကိုယ်မကြိုးစားဘဲအလေးချိန်ကျခြင်းတို့ဖြစ်ပါတယ်။ဒါတွေကကင်ဆာရဲ့နောက်ပိုင်းအဆင့်တွေမှာအဖြစ်များပါတယ်။ရောဂါရှာဖွေတာနောက်ကျခဲ့ရင်ရောဂါကိုပိုပြီးကြီးသွားစေပါလိမ့်မယ်။ဒါက ရောဂါကုသခြင်းအောင်မြင်ဖို့အခက်အခဖြသ်စေပါတယ်။
ဒါတွေကကင်ဆာမဟုတ်ဘဲတခြားအခြေအနေတွေကြောင့်လည်းဖြစ်နိုင်ပေမယ့်ဆရာဝန်ကိုသွားပြထားတာအကောင်းဆုံးပါ။
သားအိမ်ကင်ဆာဖြစ်နိုင်တဲ့အမျိုးသမီးတွေမှာသားအိမ်ကင်ဆာအစောပိုင်းအတွက်စစ်ဆေးမှုတွေမရှိပါဘူး။သင့်ဆရာဝန်နဲ့အစောဆုံးသွားပြထားဖိုတော့လိုပါလိမ့်မယ်။ဘယ်လိုဘဖြစ်ဖြစ်အချိန်မှန်မှန်သွားစစ်ဆေးခြင်းကသားအိမ်ကင်ဆာကိုအစောဆုံးသိနိုင်ပြီးကုသနိုင်မယ့်နည်းလမ်းပါ။



Comments