အမျိုးသားများတွင်တွေ့ရတဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါလက္ခဏာများ

ရေးသားသူ Ye Myo Myatဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လိင်အပျော်အပါးလိုက်စားတာ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲတာ၊ လိင်ဆက်ဆံဖော် တစ်ယောက်ထက်ပိုတာ စတာတွေကြောင့် STD လို့ခေါ်တဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ်။ အလွယ်တကူကုသလို့ရတဲ့ ရောဂါတွေရှိတဲ့တိုင်အောင် HIV လိုမျိုး ရောဂါပိုးကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးဘဲ မပြန့်ပွားအောင်သာ ထိန်းပေးနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ အမျိုးသားတွေမှာ လိင်မှတစ်ဆင့်ရောဂါတွေ ကူးစက်ခံရတဲ့အခါ ကိုယ်ခန္ဓာက ဘယ်လိုလက္ခဏာတွေပြလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
၁။ ခလက်မီးဒီးယားရောဂါ (Chlamydia)ရောဂါပိုးရှိသူရဲ့ ပါးစပ်၊ မိန်းမကိုယ်၊ စအိုအတွင်းသို့ အကာအကွယ်မသုံးဘဲ ထိုးသွင်းဆက်ဆံစဉ် ဘက်တီးရီးယားပိုးကူးစက်ခံရတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာ အလွယ်တကူမပြတာကြောင့် ကိုယ့်မှာပိုးရှိနေမှန်း မသိတာမျိုးတွေလည်း ရှိပါတယ်။ ကူးစက်ခံရပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း
ဆီးသွားစဉ်နာကျင်ခြင်းလိင်တံမှ ပုံမှန်မဟုတ်တဲ့ အရည်များ ယိုစိမ့်ခြင်းဝှေးစေ့များ ရောင်နေခြင်းစအိုဝတွင် နာကျင်ခြင်းစအိုမှ သွေး၊ အရည်များထွက်ခြင်း စတဲ့ လက္ခဏာတွေ ပြလာတတ်ပါတယ်။၂။ ဆီးပူညောင်းကျ ဂနိုရောဂါ (Gonorrhea)အကာအကွယ်မဲ့လိင်ဆက်ဆံရာမှ စအို၊ လည်ချောင်း၊ ဆီးလမ်းကြောင်းအတွင်း ဘက်တီးရီးယားပိုးကူးစက်ခံရတာဖြစ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့
ဆီးသွားစဉ် နာကျင်ခြင်းလိင်တံထိပ်မှ စိမ်းဖန့်ဖန့်၊ အဝါရောင် ပြည်ပုပ်များထွက်ခြင်းဝှေးစေ့ရောင်ခြင်း၊ အောင့်နာခြင်းအရိုးအဆစ်များကိုက်ခဲခြင်းအရေပြားပေါ်တွင် အနီရောင်အင်ပြင်ကွက်ထခြင်း တို့ပဲဖြစ်ပါတယ်။၃။ အသည်းရောင်အသားဝါ ဘီပိုး (Hepatitis B)HBV ဗိုင်းရပ်စ်ပိုး တစ်နည်းအားဖြင့် ဘီပိုးရှိနေသူနဲ့ အကာအကွယ်မဲ့လိင်ဆက်ဆံတာ၊ သွေး၊ သုက်ရည်၊ မိန်းမကိုယ်အရည်တွေဟာ အနာမှတစ်ဆင့် သွေးကြောထဲဝင်ရောက်တဲ့အခါ ကူးစက်ခံရနိုင်ပါတယ်။ အစပိုင်းမှာ
အအေးမိ၊ တုပ်ကွေးလိုပုံစံမျိုး ဖျားနာမယ်အစားအသောက်ပျက်မယ်နုံးချိပြီး အားမရှိသလိုဖြစ်နေခြင်းကြွက်သား၊ အရိုးအဆစ် ကိုက်ခဲခြင်းမူးဝေခြင်းအော့အန်ခြင်းအရေပြားက အဝါရောင်ဘက် သမ်းလာခြင်းဆီးအရောင်က ဝါကျင့်ကျင့်အရောင်ဖြစ်လာခြင်း စတဲ့လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။သေချာမကုသဘဲ ပစ်ထားလိုက်တဲ့အခါ အသည်းပျက်စီးစေသည်အထိ ဆိုးရွားစွာ ဒုက္ခပေးနိုင်ပါတယ်။
၄။ ရေယုန်ရောဂါ (Herpes)ရေယုန်သည် HSV ဆိုတဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး အမျိုးအစား ၂မျိုးရှိပြီး HSV-1 ကတော့ ပါးစပ်မှာ ရေယုန်ဖြစ်စေကာ၊ HSV-2 သည် လိင်အင်္ဂါရေယုန်ကို ဖြစ်စေပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းသာမက နှုတ်ခမ်းခြင်းနမ်းရုံဖြင့်လည်း အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ လက်ရှိအချိန်မှာ ရေယုန်ဗိုင်းရပ်စ်ကို အပြီးသတ်နှိမ်နင်းနိုင်တဲ့ ဆေးတော့ မထွက်ပေါ်သေးပါဘူး။ ကိုယ်ခန္ဓာထဲရှိနေချိန်မှာ ဘာမှမလုပ်နိုင်ပေမယ့် တခြားသူကို ကူးစက်နိုင်တယ်။ ကိုယ်ခံအားနည်းနေတဲ့အခါ
ပါးစပ် သို့မဟုတ် လိင်အင်္ဂါအရေပြား၊ ဝှေးစေ့၊ စအို၊ ပေါင်ခြံမှာ အဖုသေးသေးလေးတွေ ပေါက်လာမယ်အဖုလေးတွေက ယားပြီး အသားထဲက ပူစပ်ပူလောင်ဖြစ်ကာ စူးသလို ခံစားရမယ်အဖုပေါက်သွားတဲ့အခါ အရမ်းစပ်မယ်ပေါက်သွားတဲ့နေရာမှာ အနာကွက်ကျန်ခဲ့မယ်အဖျားတက်မယ်အနာပေါက်နေတဲ့နေရာက နေရထိုင်ရခက်သလို ဖြစ်စေတယ်အစားအသောက်ပျက်မယ်အဖျားတက်မယ်ပြန်ရည်ကြောတွေ ရောင်နေမှာဖြစ်ပါတယ်။၅။ လိင်အင်္ဂါကြွက်နို့ (Human Papillomavirus)လိင်အင်္ဂါကြွက်နို့ဟာလည်း အလွယ်တကူ ကူးစက်ခံရနိုင်တဲ့ လိင်မှတစ်ဆင့် ရောဂါတွေထဲမှာပါဝင်ပါတယ်။ HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးဝင်ရာမှ ကူးစက်ခံရခြင်းဖြစ်ပြီး အရေပြားချင်းထိတွေ့ရာမှ ကူးစက်နိုင်ပါတယ်။ လိင်အင်္ဂါအရေပြားပေါ်မှာ ကြွက်နို့ပုံစံကဲ့သို့ ဖြစ်နေတာကို အများဆုံးတွေ့ရပါတယ်။ ကြွက်နို့အဖုတွေက အနည်းငယ်ပြားချပ်နေပြီး ဂေါ်ဖီပန်းပွင့်ပုံစံလိုမျိုး ဖြစ်နေတတ်ပါတယ်။ ပါးစပ်ဖြင့် အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံတဲ့အခါမှာလည်း ခံတွင်း၊ အာခေါင်၊ လည်ချောင်းပေါ်မှာ ကြွက်နို့ပေါက်နိုင်ပါတယ်။ လိင်အင်္ဂါကြွက်နို့ကို ကွန်ဒုံးသုံးပြီးလိင်ဆက်ဆံခြင်းဖြင့် ကာကွယ်နိုင်သလို HPV ကာကွယ်ဆေးဖြင့်လည်း ကာကွယ်ပေးနိုင်ပါတယ်။
၆။ ကာလသားရောဂါ (Syphilis)အမျိုးသားတွေမှာ အလွန်အဖြစ်များတဲ့ ကူးစက်ရောဂါများထဲမှာ ပါဝင်ပြီး ဒီရောဂါပိုးရှိနေတဲ့အခါ တခြားသော အရေပြားပြဿနာတွေ၊ လိင်မှတစ်ဆင့် ရောဂါတွေ ကူးစက်ခံရဖို့ အခွင့်အလမ်းပိုမြင့်လာပါတယ်။ ကာလသားရောဂါပိုးကူးစက်ခံရတဲ့အခါ အမျိုးသားတွေမှာ
အလွန်သေးငယ်ပြီး နာကျင်မှုမရှိသော အဖုအပိမ့်များ နေရာအနှံ့ထွက်နေခြင်းများသောအားဖြင့် လိင်အင်္ဂါ၊ စအိုနဲ့ နှုတ်ခမ်းအရေပြားတွေမှာ အဖုပိုထွက်ခြင်းသွေးကြောများ၊ ပြန်ရည်ကြောများ ရောင်နေခြင်းပင်ပန်းနွမ်းနယ်ခြင်းခေါင်းကိုက်ခြင်းဖြစ်တတ်ပြီး မကုသဘဲပစ်ထားလိုက်မယ်ဆိုရင်တော့နှလုံးနဲ့ အာရုံကြောစနစ် ချို့ယွင်းလာမယ်ဦးနှောက်ကောင်းစွာ အလုပ်မလုပ်နိုင်တော့တာအရိုးအဆစ်နဲ့ တခြားကိုယ်တွင်းအင်္ဂါတွေပါ ပျက်စီးလာပြီးအသက်သေဆုံးနိုင်သည်အထိ ပြင်းထန်နိုင်ပါတယ်။ကာလသားရောဂါကို ကွန်ဒုံးအသုံးပြုပြီး လိင်ဆက်ဆံခြင်းနည်းလမ်းနဲ့ပဲ ကာကွယ်နိုင်ပါသေးတယ်။ ပိုးရှိနေကြောင်း စောစီးစွာ သိရမယ်ဆိုရင် ဆေးထိုးရုံနဲ့ အမြစ်ပြတ်ပျောက်ကင်းနိုင်ပါတယ်။
၇။ HIV ပိုးတစ်ကမ္ဘာလုံး အများဆုံးကူးစက်ခံရတဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဗိုင်းရပ်စ်ပိုးကို အမြစ်သတ်ပျောက်ကင်းကုသပေးနိုင်တဲ့ ဆေးဝါးများပေါ်ထွက်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် အကောင်းဆုံးကတော့ ကွန်ဒုံးဖြင့် လိင်ဆက်ဆံခြင်းဖြင့် ကာကွယ်ပေးနိုင်သလို ရောဂါပိုးကူးစက်ခံရတဲ့အခါမှာလည်း ART ဆေးနဲ့ ပိုးတွေဆက်မပြန့်ပွားအောင် ထိန်းထားလို့ရပါတယ်။ HIV ပိုးကူးစက်ခံရတဲ့အခါ
တစ်ပတ်လောက်ထိ အပြင်းဖျားမယ်ပါးစပ်ထဲမှာ အဖြူကွက်အနာတွေ ပေါက်မယ်တစ်ကိုယ်လုံး အနီကွက်အင်ပြင်တွေ ထလာမယ်လည်ပင်းမှာရှိတဲ့ ပြန်ရည်ကြောအကျိတ်တွေ ကြီးလာမယ်အရိုးအဆစ်တွေ ကိုက်ခဲနေမယ်ညဘက်အိပ်ချိန်မှာ ချွေးစေးပြန်နေမှာပါ။ပိုးရှိမှန်းသိပြီးတာနဲ့ ART ဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့လိုအပ်ပါတယ်။ ဒါမှပဲ သာမန်လူတစ်ယောက်လိုပဲ ကျန်းကျန်းမာမာနဲ့ နေနိုင်သွားမှာဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကို ကျဆင်းအောင် လုပ်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်တဲ့အတွက် ဆေးနဲ့သာမထိန်းဘူးဆိုရင် ကိုယ်ခံအားစနစ်ဆုတ်ယုတ်ပြီး ရောဂါပေါင်းစုံဝင်လာကာ နောက်ဆုံး ခုခံအားကျဆင်းမှုကူးစက်ရောဂါ AIDS ကို ရောက်သွားမှာဖြစ်ပါတယ်။


လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဆိုတာ လုံးဝမပေါ့ဆသင့်တဲ့ကျန်းမာရေးပြဿနာတွေပါ။ ကိုယ့်ကိုယ်ကိုယ် ပိုးကူးစက်ခံရတယ်လို့ သံသယရှိတယ်၊ လိင်အပျော်အပါးကလည်း အမြဲလိုလို လိုက်စားတတ်တယ်ဆိုရင်တော့ ခုပြောပြခဲ့တဲ့ လက္ခဏာတွေကို အမြဲလိုလိုစောင့်ကြည့်ပြီး ၃လတစ်ကြိမ် သွေးသွားစစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘဝနဲ့ ကျန်းမာရေးသည် ကိုယ့်လက်ထဲမှာရှိတာမို့ သတိမမူလို့ အသိနောက်ကျသွားတာမျိုးမဖြစ်ရလေအောင် သေချာဂရုစိုက်ဖို့ အကြံထပ်ပေးလိုက်ပါတယ်နော်။



Comments