အသက် ၃၀ ပတ်ဝန်းကျင်မှာ ကိုယ်ဝန်ဆောင်ခြင်း

ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

လူအများစုကတော့ အသက်၃၀အရွယ်ဟာ မိခင်ဘဝကိုစတင်ဖို့ သင့်လျော်တဲ့အချိန်လို့ ယူဆကြပါတယ်။ ဒီအသက်အရွယ်မှာ သင်က သင့်ရဲ့လုပ်ငန်းခွင်နဲ့ လူမှုဆက်ဆံရေးတွေမှာလည်း အောင်မြင်မှုတွေရနေပြီးလောက်ပါပြီ။ ဒါတွေက သင့်ရဲ့မိသားစုဘဝကို စတင်ပျိုးထောင်ဖို့အတွက် ခိုင်မာတဲ့အုတ်မြစ်ကို ပေးစွမ်းနိုင်တယ်မဟုတ်လား။ သင်နဲ့ သင့်ရဲ့ကြင်ဖော်က တစ်ယောက်နဲ့တစ်ယောက် အကြောင်းသိတွေလည်း ဖြစ်နေလောက်ပါပြီ။ ပြီးတော့ သင်တို့ကိုယ်တိုင်လည်း မိဘဆိုတဲ့ နေရာမှာနေဖို့ ပြင်ဆင်ပြီးနေလောက်ပါပြီ။

အားသာချက်များ
အသက်၃၀၀န်းကျင်အမျိုးသမီးတွေဟာ သက်လုံနဲ့ ခံနိုင်ရည်အား အရမ်းကောင်းကြပါတယ်။ ဒါဟာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ မရှိမဖြစ်လိုတဲ့အရာပါ။ သူတို့မှာ တည်ငြိမ်တဲ့ စီးပွားရေးအခြေအနေတွေလည်း ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ သူတို့အလုပ်မှာ သူတို့ကိုယ်သူတို့ ထိန်းချုပ်မောင်းနှင်နိုင်နေပြီလေ။ ဒီလိုအခြေအနေမှမရှိခဲ့ရင် သူတို့က ဒီအခြေအနေကြီးကို လက်လွှတ်ပြီး ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့တော့ အဆင်သင့်မဖြစ်သေးဘူးမဟုတ်လား။ သင်နဲ့ကလေးရဲ့ အနာဂတ်တွေ ခိုင်မာဖို့အတွက် သင့်ကလေးကို အချိန်ပေးနိုင်ဖို့ အလုပ်ကဘယ်လောက်အနားယူရမလဲဆိုတာ သေချာချင့်ချိန်တွက်ဆပါ။ ပြီးတော့ ဈေးကွက်ကိုမျက်ခြေမပြတ်စေဘဲ သင့်အရည်အသွေးကိုလည်း အမြဲတမ်းထက်နေအောင်သွေးပါ။ ဒါမှ သင်အလုပ်ပြန်ဝင်တဲ့အခါ အရင်ကထက် ပိုပြီး အဆင်ပြေချောမွေ့နေမှာပေါ့။

အားနည်းချက်များ
အရာရာတိုင်းဟာ အကောင်းနဲ့ အဆိုးဒွန်တွဲနေတာပါပဲ။ အသက် ၃၀ ပတ်ဝန်းကျင်မှာ ကိုယ်ဝန်ဆောင်တာဟာလည်း ဒီလိုပါပဲ။ အသက် ၃၅နောက်ပိုင်းမှာ ကလေးရနိုင်တယ်ဆိုရင်တောင် မျိုးရိုးဗီဇပြဿနာတွေဖြစ်ပွားနိုင်ချေမြင့်လာပါပြီ။ ဒါကြောင့် ဒီအသက်အရွက်အမျိုးသမီးတွေဟာ ၃၅နှစ်ကျော်လာပြီဆိုတာနဲ့ အမြဲမပြတ် အသေးစိတ်စစ်ဆေးနေသင့်ပါပြီ။ အမျိုးသမိးရဲ့ အသက်အရွယ်ကိုလိုက်ပြီး ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ကိုယ်ဝန်နောက်ဆက်တွဲ ပြဿနာတွေက ဖြည်းဖြည်းမှန်မှန်မြင့်တက်လာတော့မှာပါ။ တကယ်လို့ သင်က ၃၅နှစ်ထဲမှာဖြစ်ပြီး ကလေးလိုချင်နေသေးတယ်ဆိုရင် သင့်အခွင့်အရေးတွေက နည်းသထက် နည်းလာပြီဖို့ အတော်ကို ကြိုးစားပြီး သေချာ ဂရုစိုက်မှ ရမှာပါ။

အောင်မြင်နိုင်တဲ့အခွင့်အရေး
အသက်၃၀၀န်းကျင်မှာ အမျိုးသမိးတွေဟာ ရာသီစက်ဝန်းတစ်ကြိမ်တိုင်းမှာ ကိုယ်ဝန်ရနိုင်ချေ ၁၅%ရှိပါတယ်။ တစ်နှစ်တာအတွင်း အောင်မြင်နိုင်ချေဟာ ၇၅%ရှိမှာဖြစ်ပြီး တကယ်လို့သင်က ၃၀ရဲ့ ဟိုးနောက်ပိုင်းနှစ်တွေမှာဆိုရင်တော့ ၆၅%ပဲရှိတော့မှာပါ။ ကိုယ်ဝန်ပျက်ကျနိုင်ချေဟာ အသက်၃၀၀န်းကျင် (၃၀ မှ ၃၅ကြား) တွေမှာ ဖြည်းဖြည်းချင်းမြင့်တက်လာမှာပါ။ ၃၅နှစ်အထက် အမျိုးအသီးတွေမှာ ကိုယ်ဝန်ပျက်ကျနိုင်ချေဟာ ၁၈%ရှိပြီး ၄၀ပတ်ဝန်းကျင်တွေအတွက်တော့ ၃၄%ထိ မြင့်တက်သွားပါပြီ။

သင်ဘာလုပ်သင့်သလဲ၊
တကယ်လို့သင်က ၃၀၀န်းကျင်ဖြစ်နေပြီး တစ်နှစ်တာအတွင်း အကာအကွယ်မပါဘဲ သံဝါသပြုတာတောင်မှ ကိုယ်ဝန်မရနိုင်သေးဘူးဆိုရင် Fertility expert (သန္ဓေသားဆိုင်ရာ ကျွမ်းကျင်သူ)နဲ့ ဆွေးနွေးသင့်ပါပြီ။ သင်က ၃၅အထက်ဖြစ်ပြီး အနည်းဆုံး ၆လကြာကြိုးစားခဲ့တာတောင် မအောင်မြင်သေးဘူးဆိုရင်တော့ specialist ဆီသာ သွားပါ။


သဘာဝအတိုင်း ကျန်းမာသန်စွမ်းတဲ့ ကိုယ်ဝန်အတွက် အချိန်ယူပြီး ပြင်ဆင်ပါ။ တကယ်လို့သင့်မှာ လိင်ကနေကူးစက်တဲ့ရောဂါတစ်ခုခုဖြစ်ပွားခဲ့ဖူးတဲ့ ရာဇဝင်ရှိမယ်ဆိုရင် ဒါမှမဟုတ် ရာသီစက်ဝန်းတွေမမှန်တာမျိုးရှိခဲ့မယ်ဆိုရင် ကိုယ်ဝန်ဆောင်နိုင်ဖို့ခက်ခဲပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ ဆရာဝန်ဆီ တတ်နိုင်သမျှ အမြန်ဆုံးသွားပါ။


Comments