Bartholincyst (မိန်းမကိုယ်အလုံးတည်ခြင်း)

ရေးသားသူ Dr.Nyan Linn
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်
Bartholincyst (မိန်းမကိုယ်အလုံးတည်ခြင်း) ကဘာလဲ။
Bartholin cyst ဆိုသည်မှာ မိန်းမကိုယ်၏ ဘေးတစ်ဘက် သို့မဟုတ် နှစ်ဘက်လုံးမှာ ဖေါင်းကြွ အလုံးဖြစ်လာခြင်းဖြစ်ပါတယ်။ ထိုသို့ဖြစ်ရခြင်းမှာ Bartholin gland ဟုခေါ်သော ချွေးထုတ်ပေးသော ဂလင်းတစ်ခု ၏ပြွန်များ ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပါတယ်။ ပိုးမဝင်သော အလုံးများမှာ ကုသစရာ မလိုဘဲ ပျောက်ကင်းနိုင်ပါတယ်။

Bartholincyst (မိန်းမကိုယ်အလုံးတည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက် ၂၀ နှင့် ၂၉ ကြားတွင် ဖြစ်နိုင်ချေ ပိုများပါတယ်။

ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ
Bartholincyst (မိန်းမကိုယ်အလုံးတည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
ရောဂါလက္ခဏာတွေဟာ ဝေဒနာရှင်ရဲ့ အခြေအနေပေါ်မူတည်ပါတယ်။ အဓိက လက္ခဏာမှာ မိန်းမကိုယ် အနီးတွင် အလုံးဖြစ်လာပြီး ထိုအလုံးသည် ပိုးဝင်ပါက နာကျင်ပြီး ပိုးမဝင်ပါက နာကျင်မှုမပေးပါ။ လမ်းလျှောက်ခြင်း၊ အမျိုးသားနှင့် အတူနေထိုင်းခြင်းတို့ကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

ဖျားနာခြင်း၊ ပေါင်ခြံတွင် အလုံးဖြစ်ခြင်း
bartholin cyst ထဲတွင် ပြည်တည်ခြင်း
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ
Bartholincyst (မိန်းမကိုယ်အလုံးတည်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
တက်ကျွမ်းသူများကတော့ Bartholin cyst ဟာ E.coli နှင့် အခြားသော လိင်မှတစ်ဆင့်ကူးစက်သည့် ဘက်တီးရီးယား ပိုးဝင်ခြင်းကြောင့်ဟု ယူဆကြပါတယ်။

ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Bartholincyst (မိန်းမကိုယ်အလုံးတည်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
Bartholin cyst ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

ကိုယ်ဝန်ဆောင်နေစဉ်
ဆီးချိုရောဂါ ရှိခြင်း
လိင်မှ တစ်ဆင့်ကူးစက်သော ရောဂါရှိခြင်း
အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့ Bartholin cyst မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bartholincyst (မိန်းမကိုယ်အလုံးတည်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်က အလုံးရှိရာ မိန်းမကိုယ်ဝန်းကျင်ကို စစ်ဆေးပါလိမ့်မယ်။ ပိုးဝင်မဝင်သိလိုပါက ဂွမ်းစကို သုံး၍ အရည် နမူနာကို ယူကာ ဓါတ်ခွဲ စစ်ဆေးနိုင်ပါတယ်။ ပိုမို တိကျသော အတည်ပြုချက်ကို ရရှိရန် သွေးဖေါက်စစ်ဆေးခြင်းများ လုပ်နိုင်ပါတယ်။

Bartholincyst (မိန်းမကိုယ်အလုံးတည်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ရောဂါ၏ အခြေအနေပေါ် မူတည်ပြီး ကုသမှုများ ကွာခြားပါတယ်။ မည်သည့် လက္ခဏာမှ မပြသော သေးငယ်သည့် အလုံးမျာ ဟာ သူ့အလိုလို သက်သာ ပျောက်ကင်းသွားပါတယ်။ ပြင်းထန်စွာ နာကျင်ခြင်း၊ ပိုးဝင်ခြင်းများ ရှိပါက ဆရာဝန်မှ စမ်းသပ်မှုများ ပြုလုပ်ပါလိမ့်မယ်။ မသက်သာပါက သို့မဟုတ် ပိုဆိုးလာပါက မကြာခဏ ပြန်လည်ခေါ်ယူ စမ်းသပ် နိုင်ပါတယ်။

ပိုးဝင်သော အလုံးများကို ရေသန့်နွေးတွင် ထိုင်ခြင်း၊ အပူနွေးနွေး ကိုထိပေးခြင်း၊ ပိုးသတ်ဆေးများ သောက်ခြင်း စသည်နည်းများဖြင့် ကုသနိုင်ပါတယ်။ ထိုနည်းလမ်းများနှင့် မသက်သာသေးပါက ထိုအလုံး ကို ဆရာဝန်မှ ဖေါက်ထုတ် ပြီး ပြန်ချုပ်ပေးပါလိမ့်မယ်။ ထိုသို့ဖြင့် အလုံးအတွင်းရှိ အရည်များ ထွက်သွားမှာ ဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Bartholin cyst ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Bartholin cyst ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

-ဆရာဝန်ထံ ချိန်းထားသည့်အတိုင်း ပုံမှန် သွားပြခြင်း

-ဆရာဝန် ညွှန်ကြားချက်များကို လိုက်နာခြင်း၊ မိမိသဘောနှင့် မိမိ မညွှန်းသော ဆေးများသောက်ခြင်း/ဆေးဖြတ်ခြင်း/လျှော့သောက်ခြင်း များမပြုလုပ်သင့်ပါ။

-အပူပေးခြင်း၊ ပိုးသတ်ဆေးသောက်ခြင်း

-တစ်ကိုယ်ရည် သန့်ရှင်းရေး ပုံမှန်လုပ်ခြင်း

-အိမ်သာ သွားပြီးပါက စက္ကူအသုံးပြုပါလျှင် စက္ကူကို အရှေ့ဘက် မိန်းမကိုယ်မှ စ၍ အနောက် စအိုသို့ သုတ်ခြင်း(ထိုသို့ဖြင့် စအိုဝန်းကျင်ရှိ ဘက်တီးရီးယားများ မိန်းမကိုယ်သု့ိ ရောက်ခြင်းကို ကာကွယ်နိုင်ပါတယ်)

-ရောဂါပိုးများ မကူးစက်စေရန် အကာအကွယ်သုံး၍ လိင်ဆက်ဆံခြင်း

-ဆီးချိုရောဂါ ရှိပါက သွေးတွင်း သကြား level ကို ထိန်းညှိခြင်း( သွေးတွင်း သကြားဓါတ်များပါက အနာကျက်ခြင်း နှေးစေပါတယ်)
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။


Comments