လိင်ဆက်ဆံရန် လက်ခံလာစေသော နည်းလမ်း ၄ သွယ်

လိင်ဆက်ဆံမှုဟာအတင်းအကျပ်မဖြစ်သင့်သလိုလုပ်ကိုလုပ်ရမယ့်အရာတစ်ခုလို့လဲမသတ်မှတ်သင့်ပဲသာယာပျော်ရွှင်ဖွယ်ကောင်းသင့်ပါတယ်။ ဒါ့ကြောင့် သင်ချစ်တဲ့သူတစ်ယောက်ကိုသင့်ကိုဘယ်လိုစိတ်ပါလက်ပါ အဖြေပေးအောင်လုပ်မလဲ။ ဒီဆောင်းပါးမှာအလွယ်ကူဆုံးပြုလုပ်နည်းလေးမျိုးကိုဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

၁။ စိတ်ကူးယဉ်ဆန်တဲ့ အပြုအမူတွေ ပြုလုပ်ပါ။
အမျိုးသားတွေနဲ့ မတူတဲ့အချက်ကတော့ အမျိုးသားတွေဟာသူတို့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ အစာအိမ်ကိုအခြေခံစဉ်းစားပေမယ့် အမျိုးသမီးတွေကတော့ အချစ်နဲ့ ပတ်သက်သည်ဖြစ်စေ၊ လိင်ဆက်ဆံမှုနဲ့ ပတ်သက်သည်ဖြစ်စေသူတို့ရဲ့ နှလုံးသားရောဦးနှောက်ပါ အခြေခံပြီးစဉ်းစားကြပါတယ်။ အမျိုးသမီးတွေဟာဝိုင်၊ ပန်းစည်းနဲ့ သူတို့ကိုစိတ်လှုပ်ရှားစေတဲ့ အရာတွေနဲ့ စိတ်ကူးယဉ်ဆန်အောင် ပြုလုပ်ခြင်းကို နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် အထူးတလည်လုပ်ဖို့ မလိုတဲ့ အခြေအနေမျိုးမှာတောင် သူမကြိုက်နှစ်သက်တဲ့အရာတွေနဲ့ အံ့သြသွားအောင် ပြုလုပ်ပါ။ ပြီးတော့ သူမဘယ်လောက်လှကြောင်းပြောပြပေးပါ။ သူမကိုမကြာခဏနမ်းရှုပ်ပြီးသူမရဲ့ ဆံပင်ပုံစံအသစ် (သို့) အဝတ်အစားအသစ်ကိုချီးကျူးပြောဆိုပါ။ ဒီလိုလုပ်ခြင်းဟာသင်တို့နှစ်ယောက်လုံးအတွက် လိင်ဆက်ဆံခြင်းမှာသာယာမှု ရရှိစေနိုင်ပါတယ်။

၂။ သူမနဲ့ စကားပြောဆိုပါ။
အမျိုးသမီးတွေဟာသူတို့ရဲ့ ဦးနှောက်နဲ့ နှလုံးသားကိုအသုံးပြုပြီးတွေးတောကြတဲ့အတွက် သူတို့ဟာတွေးရတာ၊ စကားပြောရတာနဲ့ ဆွေးနွေးပြောဆိုရတာကိုအင်မတန်နှစ်သက်ပါတယ်။ ဒါကြောင့် သူမပြောနေတာကိုသေချာနားထောင်ခြင်းနဲ့ သူမကိုစိတ်လှုပ်ရှားစေတဲ့ စကားပြောဆိုမှုတစ်ခုမှာဝင်ရောက်ပြောဆိုခြင်းဖြင့် သင့်လေးစားမှုကို ပြသခြင်းဟာကောင်းမွန်ပါတယ်။ တခါတလေမှာအမျိုးသမီးတွေဟာသင့်ကိုသူတို့ပြဿနာတွေကိုဖြေရှင်းပေးဖို့ မမျှော်လင့်ဘဲသူမစကားပြောတာကိုသာသေချာနားထောင်ပြီးသူမကိုနားလည်ပေးပြီးလိုအပ်ရင် မေးခွန်းမေးတာကိုသာလိုချင်တာဖြစ်ပါတယ်။ သူမဆောက်တည်ရာမရဖြစ်နေရင်ညင်သာစွာပွေ့ဖက်ပေးပြီးဝမ်းနည်းနေရင် အနမ်းပေးခြင်းအားဖြင့် သူမကိုစိတ်လှုပ်ရှားစေမှာပါ။

သူမအလွန်ကိုနှစ်သက်မှာဖြစ်ပြီးသင့်ရဲ့ ဆက်လက်ပြုမူမှုတွေကိုလက်ခံလာမှာပါ။

၃။ သူမကိုအိမ်အလုပ်တွေကူလုပ်ပါ။
ဒါဟာထူးဆန်းသယောင် ထင်ရပြီးလိင်ဆက်ဆံမှုနဲ့ ဘာမှ သက်ဆိုင်ပုံမပေါ်ပေမယ့် သူမနဲ့အိမ်အလုပ်တွေကူလုပ်ခြင်းဟာသင့်ကိုချစ်ခင်စေပြီးတော့ သင်ဟာသင်တို့ရဲ့ဘဝကိုအလေးထားပြီးကျန်းမာပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ချင်တဲ့သူလို့ ပြသရာရောက်ပါတယ်။ လိင်ဆက်ဆံဖို့ အချိန်အကြာကြီးစောင့်ဆိုင်းနေမယ့်အစားဘာလို့သူမကိုအိမ်အလုပ်ကူလုပ်ခြင်းကဲ့သို့သောသေးငယ်တဲ့အပြုအမူတွေ ကနေစတင်ဖို့မစီစဉ်တာလဲ။ ဒါဟာသင့်ရဲ့ စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာချစ်ခင်မှုကိုပါ ပြသရာရောက်ပါတယ်။ သင်ဟာသင်ပေးလိုက်သလောက် ပြန်အချစ်ခံရမယ်ဆိုတာအာမခံပါတယ်။

၄။ သူမရဲ့ တုံ့ပြန်ပုံတွေနဲ့ ပတ်သက်ပြီးအလိုက်သိပါ။
ဒါဟာသူမပြောဆိုပြုမူတဲ့ အရာတွေအကုန်လုံးကိုအသေးစိတ်လိုက်ခံစားစေတာမဟုတ်ပါဘူး။ သူမပြုမူနေတဲ့ အရာတွေမှာသေချာဂရုစိုက်စေခြင်းသာ ဖြစ်ပါတယ်။

သင်အဆင်သင့်ဖြစ်ရဲ့လားဆိုတဲ့ သင့်အတွက်အချိန်ကိုသာဖန်တီးခြင်းထက် သူမရဲ့ ခံစားမှုတွေကိုအရင်စဉ်းစားပါ။ သူမဟာနေကောင်းရဲ့လား၊ လိင်ဆက်ဆံဖို့ သူမမှာအခက်အခဲတစ်ခုခုများ ဖြစ်နေလားစတာတွေကိုဂရုစိုက်သင့်ပါတယ်။ သင်သတိမပြုမိလိုက်တဲ့ အချက်လေးတွေဟာသင်ခက်ခဲတည်ဆောက်နေရတဲ့ အရာအားလုံးကိုပျက်စီးစေနိုင်ပါတယ်။

လိင်ဆက်ဆံဖို့ လက်ခံအောင် ပြုလုပ်ခြင်းဟာအရေးကြီးပေမယ့် သေချာစဉ်းစားဖို့ ထိုက်တန်ပါတယ်။ ဒါကြောင့် သူမကိုလက်ခံလာအောင် လုပ်ဖို့ သင့်အချိန်တွေနဲ့ အင်အားတွေကို မြှုပ်နှံသင့်တယ်ဆိုရင် မအံ့သြပါနဲ့။


Comments