တားဆေးသောက်တာရပ်ရပ်ချင်း ကိုယ်ဝန်ရနိုင်ပါသလား


ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကိုယ်ဝန်မရအောင် တားတဲ့သန္ဓေတားနည်း တွေထဲမှာ သန္ဓေတားသောက်ဆေးက လူသုံးအများဆုံး ၊  အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးလို့ ဆိုလို့ရပါတယ်။ လူတိုင်းနီးပါး သုံးကြတဲ့ အလျောက် သန္ဓေတားဆေးသောက်ဆေးနဲ့ ပက်သက်ပြီး လူတိုင်းမေးနေကျ မေးခွန်းတစ်ခုရှိပါတယ်။ ဒါက တားဆေးရပ်ပြီးပြီချင်း ကိုယ်ဝန်ရနိုင်သလား ဆိုတဲ့ မေးခွန်းပါ ။ ။

တားဆေးရပ်ပြီးပြီးချင်း ကိုယ်ဝန်တန်းရနိုင်ပါသလား ။ ။
တားဆေးရပ်ပြီးပြီးချင်း ကိုယ်ဝန်တန်းရနိုင်ပါသလားဆိုတဲ့ မေးခွန်းရဲ့ အဖြေက
တားဆေးကို ဘယ်အချိန်မှာရပ်လိုက်တာလဲ။
တားဆေးသောက်တာ ဘယ်လောက်ကြာပြီလဲဆိုတာနဲ့
ဟော်မုန်း ဘယ်နှစ်မျိုးပါတဲ့ တားဆေးကို သောက်နေတာလဲဆိုတဲ့ အပေါ် မူတည်ပါတယ်။
တားဆေးကို ဘယ်အချိန်မှာရပ်လိုက်ရင် ကိုယ်ဝန်တန်းရနိုင်သလဲ ။ ။
သောက်နေတဲ့ တားဆေးကဒ် အလယ်လောက်ရောက်တဲ့ အချိန်မှာ ဆက်မသောက်ပဲ ရပ်လိုက်ရင် ကိုယ်ဝန်တန်းရနိုင်ချေပိုများပါတယ်။ တားဆေးကဒ်ကုန်သွားတဲ့ အထိသောက်ပြီးမှ တားဆေးကို ရပ်လိုက်ရင်တော့ ရာသီစက်ဝန်း ပုံမှန်ပြန်ဖြစ်အောင် စောင့်ရဦးမှာ ဖြစ်တဲ့အတွက် ကိုယ်ဝန်ရဖို့ လအနည်းငယ်လောက် စောင့်ရတတ်ပါတယ်။

တားဆေးသောက်တာ ဘယ်လောက်ကြာပြီလဲ။  ။
တားဆေးကို ခဏလေးသောက်ပြီး ရပ်လိုက်ရင် ကလေးတန်းရဖို့ ပိုလွယ်ကူပါတယ်။ ဒါပေမယ့် တားဆေးကို တစ်နေ့တစ်လုံး မှန်မှန် ၁ နှစ်လောက် စွဲသောက်ပြီးမှ ကိုယ်ဝန်ယူဖို့အတွက် ဆေးရပ်လိုက်ရင် ဟော်မုန်းတွေ ရဲ့ အရှိန်တွေကျန်နေသေးတာကြောင့် ဆေးရပ်ရပ်ချင်း ကိုယ်ဝန်တန်းမရတတ်ပါဘူး။

ဟော်မျိုး ဘယ်နှစ်မျိုးပါတဲ့ အားဆေးကို သောက်နေတာလဲ ။ ။
တားဆေးမှာ ပေါင်းစပ်ဟော်မုန်း ( အီစတိုဂျင် + ပရိုဂျက်စတုန်း ) နဲ့ ပရိုဂျက်စတုန်းဟော်မုန်း တစ်မျိုးတည်းပါတဲ့ တားဆေးဆိုပြီး အမျိုးအစားနှစ်ခုရှိပါတယ်။ ဆေးရပ်ပြီးပြီးချင်း ကိုယ်ဝန် တန်းရဖို့ ကိစ္စကလည်း ကိုယ်သောက်နေတာ ဘာအားဆေးလဲဆိုတဲ့အပေါ် အများကြီးမူတည်ပါတယ်။

ပေါင်းစပ်ဟော်မုန်းပါဝင်တဲ့ တားဆေး ။ ။
ဒါက ( အီစတိုဂျင် + ပရိုဂျက်စတုန်း ) ဟော်မုန်းနှစ်ခု ပေါင်းစပ်ထားတဲ့ တားဆေးဖြစ်ပါတယ်။ သူတို့ဟာ မမျိုးဥ အိမ်ကနေမျိုးဥကြွေခြင်းကို တားဆီးပေးတဲ့အပြင် သားအိမ်အချွဲတွေကို ထူလိုက်စေခြင်းဖြင့် သုက်ကောင်လေးတွေ မမျိုးဥ ဆီ မရောက်အောင် တားဆီးပေးပါတယ်။ ပေါင်းစပ်ဟော်မုန်း အများစုက ဟောမုန်းပါတာ ၃ တန်းထည့်ထားပြီးနောက်ဆုံး အတန်းလေးကတော့ ဟော်မုန်းမထည့်ထားတဲ့ ဆေးလုံးအတန်းလေးပါ။ ဒီလိုမျိုး ပေါင်းစပ်ဟော်မုန်းဆေးကပ်ကို သောက်နေတဲ့သူတွေ ကျတော့ ဆေးကဒ်ကုန်သွားလို့ရပ်လိုက်ပြီးနောက် ရာသီ တစ်ခါလောက်လာတာနဲ့ တစ်လအတွင်း ကိုယ်ဝန်တန်းရတတ်ပါတယ် ။ ။

ပရိုဂျက်စတုန်းဟော်မုန်း တစ်မျိုးတည်းပါတဲ့ တားဆေးမှာကျ ဟော်မုန်းမပါတဲ့ဆေးလုံးတန်း မပါတဲ့အပြင် အီစတိုဂျင်ဟော်မုန်းလည်း မပါတဲ့အတွက် ဆေးရပ်ပြီးပြီးချင်း ကိုယ်ဝန် တန်းရဖို့က ပေါင်းစပ်ဟော်မုန်း တားဆေးတွေထက်ဆာရင် ပိုလွယ်ကူပါတယ်။


Comments